မော်လမြိုင်- ၂၀၂၅ ဖေ (၆)
ထိုင်းနိုင်ငံမှ မြန်မာနယ်စပ်မြို့များသို့ ပေးထားသည့် လျှပ်စစ်မီးအား ယမန်နေ့ (ဖေဖော်ဝါရီ ၅) မှစပြီး ဖြတ်တောက်လိုက်သော်လည်း မြ၀တီမြို့နယ် ရွှေကုက္ကိုမြို့နှင့် တာချိလိတ်မြို့များတွင် မီးလင်းထိန်နေကြောင်း သိရသည်။
အမည်မဖော်လိုသော နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက “ငွေတွေဘီလီယံနဲ့ရင်းပြီး မြို့သစ်တည်ထားနိုင်ပြီဆိုတော့ ဒီလျှပ်စစ်မီးကိစ္စက Plan B ရှိနေပြီးသားဖြစ်မှာပါ၊ တာချိလတ်ကတော့ လာအိုက မီးကြိုးကအဆင်သင့်ရှိနေတော့ ပြဿနာမရှိလောက်ပါဘူး” ဟု ဆိုသည်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ရွှေကုက္ကိုလ်မြို့၏ မီးလင်းမှုအနေအထားမှာ ထက်ဝက်ကျော်ခန့် မှိန်သွားပြီး တာချိလိတ်မြို့အတွက် လာအိုနိုင်ငံက လျှပ်စစ်မီးဖြန့်ဝေပေးသည့်အတွက် ပုံမှန်အတိုင်း ထိန်လင်းနေကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာများ ပေးပို့သော ဓါတ်ပုံအရ သိရသည်။
သို့ရာတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ်မီးမရှိတော့ဘဲ ညပိုင်းတွင် မှောင်မဲနေကြောင်း တွေ့ရသည်။
လျှပ်စစ်မီးနှင့်အတူ စက်သုံးဆီများကိုလည်း ထိုင်းဘက်မှ သယ်ယူခွင့်မပြုတော့သဖြင့် မြန်မာနယ်စပ်ဘက်တွင် စျေးခုန်တက်သွားသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2025/02/475396165_1032924402214210_4283342670032540501_n-1024x683.jpg)