စံခလပူရီ- ၂၀၂၅ ဖေ (၄)
ထိုင်းမြန်မာနယ်စပ် စံခလပူရီမြို့မှ မော်တော်ကားဖြင့်သယ်ဆောင်လာသော ဟီးရိုးအင်းဘိန်းဖြူ ၅ ကီလိုဂရမ်ခန့်ကို ထောင်ဖာဖွန်လမ်းဆုံစစ်ဆေးဂိတ်၌ ထိုင်းရဲများက ရှာဖွေဖမ်းဆီးရမိကြောင်း ကန်ချနပူရီသတင်းက ဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စံခလပူရီမြို့မှ အသက် ၃၃ နှစ်အရွယ်လူငယ်မောင်းနှင်လာသော တိုယိုတာအဖြူရောင်ပစ်ကပ်ကား ထောင်ဖာဖွန် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဥ် ကားအံဖွက်များအတွင်းဖွက်ထားသည့် ၁၅ ထုပ်ပါ ဘိန်းဖြူများကို ရဲက ရှာဖွေစစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။
ဘိန်းဖြူသယ်ဆောင်သူ အဆိုပါလူငယ်အား သက်သေပစ္စည်းများနှင့်တကွ တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
See insights and ads
All reactions:
6363