ပေါင်- ၂၀၂၅ ဖေဖေါ်ဝါရီ (၃)
မွန်ပြည်နယ် ပေါင်မြို့ မိုးနိုင်းရပ်ကွက် နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားအောက်တွင် လက်လုပ်မိုင်း (၁၀) လုံးထက်မနည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် (၇) နာရီအချိန်ခန့်က အဆိုပါ ရန်ကုန် – မော်လမြိုင်ကားလမ်း ပေါင်မြို့၊ မိုးနိုင်းရပ်ကွက် နှင့် ဥတ္တံတားရပ်ကွက်ကြားရှိ တံတားအမှတ် (၂/၁၇၁) ၏ ချေင်းကူးတံတားအောက်တွင် ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားသော လက်လုပ်မိုင်းအလုံးကြီး (၁၀) လုံးထက်မနည်း တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“စစ်သားတွေ၊ ရဲစခန်းက ရဲတွေနဲ့ ပြည်သူစစ်တွေက အဲ့ဒီ မိုးနိုင်းရပ်ကွက်နဲ့ ဥတ္တံတားကျေးရွာ အစပ်မှာရှိတဲ့ တံတားနေရာကိုလမ်းပိတ်ပြီးတော့ ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်။ နောက်မှ တံတားအောက် ချောင်းထဲမှာ လက်လုပ်မိုင်းအကြီး (၁၀) လုံးလောက်ထောင်ထားတာကိုတွေ့ရလို့ ရှင်းလင်းမှုတွေလုပ်ဆောင်နေတာလို့ သိရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အလျား (၁၉) လက်မ၊ အနံ (၈) လက်မရှိ TNT ယမ်းများအပြည့်စီထည့်ထားသော လက်လုပ်မိုင်း (၁၂) လုံးမှ စနက်တံ (၂၃) ချောင်းအား ဝါယာကြိုးများဖြင့် တွဲလျက်ထောင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ထို လက်လုပ်မိုင်းများအား သက်ဆိုင်ရာမှ အသက်မဲ့အောင်ပြုလုပ်ပြီးနောက် ရှင်းလင်းဖယ်ရှားခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက် (၂) နာရီအချိန်ခန့်က ဘီးလင်းမြို့နယ် ဘီးလင်း – နတ်ကြီး – ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် (၁/၁၀) နှင့် (၂/၁၀) ကြား ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြားတွင်တည်ရှိသည့် ပေ (၃၀) ကျော် အရှည်ရှိသော ချောင်းကူးတံတားအမှတ် (၁/၁၁) အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/475446267_555565110869020_5451274369629354818_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=102&ccb=1-7&_nc_sid=127cfc&_nc_ohc=2DGsSQQKhuUQ7kNvgGZc0yZ&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AcHOWu702zV6zt4JkxwPszk&oh=00_AYBqZm5qJoItuJNqTjrIn_7VGMMvlspQELIjFo_0DJAcWg&oe=67AA43D9)
See insights and ads
All reactions:
4949