စံခလပူရီ- ၂၀၂၅ ဇန် (၃၁)
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့သို့ ယူဆောင်သွားမည့် ဘတ်ငွေ ၂ ဒဿမ ၉ သန်းနှင့်ပတ်သက်၍ အမျိုးသမီးတစ်ဦးအပါအဝင် လူတစ်စုကို ယမန်နေ့က ဖမ်းဆီးထားကြောင်း ကန်ချနပူရီဒေသသတင်းက ဖော်ပြသည်။
၄င်းငွေများကို ဆက်သွယ်ရေးပစ္စည်းများနှင့်အတူ မြန်မာအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ဒေသအမှတ် ၇ ရဲတပ်ဖွဲ့မှူး Pol. Lt. Gen. Naiwat Phaddemchit က “ဆန်ခလပူရီနယ်စပ်မှာ ငွေကြေး ၂.၉ သန်း သိမ်းဆည်းရရှိခဲ့ပြီး အဲဒီငွေတွေဟာ တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
၄င်းသည် ဒေသခံအာဏာပိုင်များ၊ စစ်ဘက်ဆိုင်ရာတပ်မှူးများနှင့် တွေ့ဆုံပြီး ထောင်ဖာဖွန်ရဲစခန်းသို့ သွားရောက်ကာ တရားမဝင်လုပ်ငန်းများနှင့် ငွေကြေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
ထို့ပြင် အမှတ် ၇ ဒေသရဲတပ်ဖွဲ့မှူး ဦးစီး၍ ကန်ချန်ပူရီပြည်နယ် အုပ်ချုပ်ရေးမှူး၊ ထိုင်းစစ်တပ်တာဝန်ရှိသူများ၊ ကန်ချန်ပူရီပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ထောင်ဖာဖွန်ခရိုင် အုပ်ချုပ်ရေးမှူး၊ ထောင်ဖာဖွန်ရဲစခန်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အစည်းအဝေးတရပ်ပြုလုပ်ကာ နယ်စပ်ဒေသရှိ တရားမဝင်လုပ်ငန်းများကို ကာကွယ်နှိမ်နင်းရန် ဆက်လက်ညွှန်ကြားခဲ့သည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်း Call Center များ တိုက်ဖျက်ရန်နှင့် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီး Liu Zhongyi က ထိုင်းအာဏာပိုင်များနှင့် ဘန်ကောက်တွင်ဆွေးနွေးခဲ့ပြီးနောက် ဘုရားသုံးဆူဒေသ အဝင်အထွက်လမ်းကြောင်းများကို ထိုင်းအာဏာပိုင်များက ပိုက်စိတ်တိုက်ရှာဖွေစစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း တွေ့ရသည်။
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/475742500_553457494413115_2600537300834136549_n.jpg?stp=cp6_dst-jpg_s600x600_tt6&_nc_cat=103&ccb=1-7&_nc_sid=127cfc&_nc_ohc=frKfBatSrTEQ7kNvgHallMn&_nc_oc=AdjgmOiN2Rik4aT14XaHuJ-FkG5nSd3oaG_4cqNLGf7TuCNWh3rbF93IWeoL7MAahWo&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AOWTrdYP_nMU7dUla5MAxIc&oh=00_AYBakVXL1qjJOXoHPtFh_Jx5RBfxx3uJ7-bD_wNKKlOPKw&oe=67A290A9)
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/475428488_553457607746437_7640520118829008291_n.jpg?stp=dst-jpg_p526x395_tt6&_nc_cat=107&ccb=1-7&_nc_sid=127cfc&_nc_ohc=16xFFqy0EVUQ7kNvgFwKuZC&_nc_oc=AdgCrrZoOTAognV1Ao8-2-Cq4uFGI_LAgut83wt3yPyG5AW-XSmNhDTpM_3uA2YWX8E&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AOWTrdYP_nMU7dUla5MAxIc&oh=00_AYCF749igZqqRejjUhGW8Lj5tMnhEcGApf0T96sRosWXUQ&oe=67A2956C)
See insights and ads
All reactions:
1515