ထောင်ဖာဖွန်- ၂၀၂၅ ဇန် (၃၁)
ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် ထောင်ဖာဖွန်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းနေသည့် ဟီးနိုးနောက်တွဲယာဥ်တစ်စီးပေါ်မှ ပါရှိလာသော တရားမဝင်မြန်မာနိုင်ငံသား ၁၆၉ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ယနေ့ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စံခလပူရီမြို့မှ လာသော အဖြူရောင် ဟီးနိုး နောက်တွဲယာဉ်အမှတ် 83-5900 (ကန်ချနပူရီ) ယာဉ်ပေါ်မှ အမျိုးသမီး ၆၇ ဦးအပါအဝင် တရားမဝင်မြန်မာနိုင်ငံသား ၁၆၉ ဦး ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသား ယာဥ်မောင်းမစ္စတာ Mr. Chinkorn နှင့် မစ္စတာ နှင့် Mr. Khem တို့အား တရားမဝင်နိုင်ငံခြားသားများကို သယ်ဆောင်လာခြင်းနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံခြင်း ဥပဒေဖောက်ဖျက်မှုတို့ဖြင့် ရဲကတရားစွဲဆိုမည်ဟု သိရသည်။
ထို့အတူ ဖမ်းဆီးခံထားရသော တရားမဝင်မြန်မာရွှေ့ပြောင်း ၁၆၉ ဦးကိုလည်း ထောင်ဖာဖွန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟု ဆိုသည်။
ထိုင်းမြန်မာနယ်စပ်မှ ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေးအတွက် ထိုင်းတို့က နယ်စပ်ဝင်ထွက်ပေါက် စစ်ဆေးရေးဂိတ်အသီးသီးကို လုံခြုံရေးတင်းကြပ်ထားကြောင်း တွေ့ရသည်။