ဘန်ကောက်- ၂၀၂၅ ဇန် (၂၉)
ထိုင်းမြန်မာနယ်နယ်စပ်တလျှောက်ရှိ အွန်လိုင်းလိမ်လည်ဂိုဏ်း Call Center များအား ထိုင်းနှင့်ပူးပေါင်းနှိမ်နင်းရေးအတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး ဘန်ကောက်မြို့သို့ရောက်ရှိလာပြီး ထိုင်းရဲချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Mr.Liu Zhongyi ဦးဆောင်လာသည့် အဖွဲ့ဝင် ၁၅ ဦးပါ တရုတ်အာဏာပိုင်အဖွဲ့ Minister of Public Security of the People’s Republic of China အား ဇန်နဝါရီ ၂၄ ရက်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် ထပ်ချိုင်း ပထနီလာဘတ်နှင့်အတူ ထိုင်းအစိုးရ တာဝန်ရှိသူများအား လာရောက်တွေ့ဆုံခဲ့ပြီး နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် ပါဝင်ပါတ်သက်နေသူများကို အမြင့်ဆုံး အပြစ်ဒဏ်ပေးရန် ထိုင်းအစိုးရက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်း ရဲချုပ် ထပ်ချိုင်း ပထနီလာဘတ်က “အခုတွေ့ဆုံပွဲမှာ အဓိဆွေးနွေးခဲ့ကြတာကတော့ ကျားဖြန့် လိမ်လည်ဂိုဏ်း Call Center တွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့အတွက် ဖြစ်ပါတယ်။ ဒီဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေက ဦးဆောင်လုပ်ကိုင်နေသလို ထိုင်းနယ်မြေကိုဖြတ် မဲဆောက်ကနေ မြ၀တီဘက်မှာ အခြေစိုက်ပြီး လိမ်လည်နေတာကို အမြန်ဆုံးရပ်တန့်အောင်ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။
ထို့ပြင် ငွေလိမ်လည်ဂိုဏ်းများထံရောက်နေသည့် တရုတ်နိုင်ငံသားများကယ်တင်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးသာမက အွန်လိုင်းရာဇဝတ်မူများ ပပျောက်ရေးအတွက် ဘဏ်ကိစ္စနှင့် အင်တာနက် ဆက်သွယ်ရေး စနစ်များကို ပိုမိုတင်းကျပ်သွားမည်ဟု ဆိုသည်။
တရုတ်ဝန်ကြီးက တရုတ်အွန်လိုင်းလိမ်လည်ဂိုဏ်းပေါင်း ၃၆ ခုတွင် ဝန်ထမ်းပေါင်း တသိန်းကျော်နှင့် လည်ပတ်နေသည်ကို ရပ်တန့်သွားရန် ထိုင်းဘက်ကို အဓိကတောင်းဆိုထားကြောင်း သိရသည်။
See insights and ads
All reactions:
11