ရေး- ၂၀၂၅ ဇန် (၂၄)
ရေးမြို့နယ် ခေါဇာမြို့တွင် အခြေချ ခလရ – ၃၁ တပ်ရင်းဂိတ်စခန်းတစ်ခုအား ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ (၇) ယောက် သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း NMSP (AD) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ဒေသခံတစ်ဦးက “ခေါဇာမြို့နဲ့ မီးတိုင်တက်ရွာအကြား တံတားမှာ လူတွေကိုရစ်ပြီး ငွေကောက်နေတဲ့ စစ်ကောင်စီတွေကို မွန်တော်လှန်ရေးတပ်ဖွဲ့တွေက လာပစ်တာ၊ သေတာ ဒဏ်ရာရတာရှိတယ်၊ လူတွေ သွားမကြည့်ရဲဘူး” ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် (၃၀) ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရေး-ဘုရားသုံးဆူလမ်းကြောင်း ကျုံလောင်းကျေးရွာအနီးတဝိုက်တွင် မွန်တော်လှန်ရေးတပ်ဖွဲ့ + PDF မဟာမိတ်ပူးပေါင်းစစ်ကြောင်းနှင့် ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း NMSP (AD) က ဇန်နဝါရီ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် အထက်ပါ တိုက်ပွဲဖြစ်စဥ်များနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာမှတ်ချက်ပြု ပြောဆိုခဲ့ခြင်း မရှိသေးပေ။
See insights and ads
All reactions:
3838