မော်လမြိုင်- ၂၀၂၅ ဇန်(၂၂)
တရုတ်နှင့် အာဆီယံ ၅ နိုင်ငံပါဝင်သည့် အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်များ နှိမ်နင်းရန် “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် အာဆီယံ ၅ နိုင်ငံနှင့် တရုတ်တို့ပါဝင်သော ယင်းလှုပ်ရှားမှုကို ယခုနှစ်၏ သင့်လျော်သောအချိန်ကောင်းတွင် စတင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည့်“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်တွင် တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့အပြီး “ဇင်ယော်” လှုပ်ရှားမှုဒုတိယပိုင်းကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
ယင်းပူးပေါင်းလှုပ်ရှားမှုသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၂၃ ခုနှစ်၊ သဩဂုတ်လအတွင်း မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ ရဲတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအပြီး စတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်အပါအဝင် ဆက်သွယ်ရေးလိမ်လည်မှုများကို အဆိုပါ ၆ နိုင်ငံ ပူးပေါင်းပြုလုပ်ခဲ့သည့် အထူးစစ်ဆင်ရေးအတွင်း လူ (၇) သောင်းကျော်ကို ဖမ်းမိထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
See insights and ads
All reactions:
66