ဘန်ကောက်- ၂၀၂၅ ဇန် (၂၂)
ထိုင်းနိုင်ငံ၊ ဘန်ကောက်အထူးထောင်မှာ အကျဥ်းကျခံနေရသော တရုတ် ကျားဖြန်ရာဇဝတ်သားများသည် ဇိမ်ခံသူဌေးဘ၀မျိုးကဲ့သို့ နေချင်သလိုနေ လုပ်ချင်သလို ဇိမ်ကျကျနေထိုင်နေရကြောင်း အကျဉ်းကျခံခဲ့ရဖူးသူ ထိုင်းအလွတ်တန်းသတင်းသမား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အီကာချိုင်ဟောင်ကန်ဝမ်က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်သည်။
အကျဥ်းကျခံနေရသည့် တရုတ်ကျားဖြန်ရာဇဝတ်သားများအနေဖြင့် တရုတ်ပြည်ပြန်ပို့ခံရမည့်အရေးကိုသာ အလွန်စိုးရိမ်ကြောင်း၊ တရုတ်ပြည်ပြန်ပို့ခံရပါက သေဒဏ်ခံရမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
၄င်းက “ဘန်ကောက်အထူးထောင်မှာ ဒီတရုတ်တွေဟာ ထောင်တွင်းအလုပ်မလုပ်ရဘူး၊ နိုင်ငံတော် အလံ အလေးပြုစရာမလို ဆယ်လ်မွန်ငါးကြီးတွေနဲ့ တန်ဖိုးမြင့် အစားအသောက်တွေကို စိတ်ကြိုက်မှာယူ ချက်ခိုင်းပြီး စားသောက်နိုင်ကြတယ်၊ ဘတ် ၁၅၀၀၀ တန် စီးကရက်ကို သောက်ကြသလို အဆောင် ၁၁ မှာ သူတို့အတွက် ဇိမ်ခံသီးသန့်အခန်းတွေ ထားရှိပေးပြီး ဂီတသံတွေကို အထူး အသံစနစ်တွေပါ တပ်ဆင်ပေးထားတယ်၊ ထိုင်းအကျဉ်းသားတွေကိုတော့ ငွေပေးခေါ်ယူလို့ သူတို့ကျွန်လို ခိုင်းချင်သလို ခိုင်းနိုင်တယ်” ဟု ပြောသည်။
စစ်အာဏာသိမ်း ထိုင်းဗိုလ်ချုပ် ပရာဝစ်အား ရိုးလက်စ်ဗိုလ်ချုပ်ဟု ခေါ်တွင်ခဲ့မှု၊ ဘုရင်စနစ်ကို ဦးထိပ်ထား လုပ်စားနေသော နိုင်ငံဟု အသံကုန်ဟစ်အော် ဆန္ဒထုတ်ဖော်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရသည့် အီကာချိုင်က ဘန်ကောက်အထူးထောင်မှာ ၂၀၂၂-၂၃ ခုနှစ်အတွင်း အကျဉ်းချခံခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များအပေါ် ဝေဖန်တိုက်ခိုက်ခဲ့သဖြင့် ၄င်းပိုင်ဆိုင်သည့် ကား ၂ စီး မီးတင်ရှို့ခံရပြီး အကြမ်းဖက်နှိပ်စက်ခံရမှု ၆ ကြိမ်ထက်မနည်း ခံခဲ့ရသူဖြစ်သည်။
ထိုင်းနိုင်ငံမှတဆင့် လူမှောင်ခိုကူးခံရသည့် နိုင်ငံခြားသားပေါင်းများစွာမှာ မြန်မာအပါအဝင် အိမ်နီးချင်နိုင်ငံတချို့က ကျားဖြန်လုပ်ငန်းများထံ ရောက်ရှိပြီး ပြန်ပေးဆွဲပိတ်လှောင်နှိပ်စက်ခံနေရမှုသတင်းများ ဆက်တိုက် ကမ္ဘာသိပေါ်ပေါက်နေသဖြင့် လက်ရှိထိုင်းအစိုးရမှာ အရှက်ရနေကြောင်း ၄င်းကဆိုသည်။
See insights and ads
All reactions:
66