စံခလပူရီ- ၂၀၂၅ ဇန် (၂၂)
ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီအနီးရှိ ခေါင်လမ်အမျိုးသားဥယာဥ်အတွင်းမှ ဖမ်းဆီးသတ်ဖြတ်လာခဲ့သော တောကြောင်တစ်ကောင်၊ ဓါတ်ငွေ့သေနတ်တစ်လက်၊ ကျည်ဆံများနှင့်အတူ မြန်မာနိုင်ငံသားမုဆိုးတစ်ဦးကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း ကန်ချနပူရီသတင်းက ထိုင်းဘာသာဖြင့် ဖော်ပြသည်။
ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်အချိန်က အမျိုးသားဥယျာဉ်ဧရိယာအတွင်းမှ တောရိုင်းတိရစ္ဆာန်ကို အဆိုပါ မုဆိုးက ပစ်သတ်ခိုးယူခဲ့ပြီး နောက်တစ်နေ့တွင် ဗာဂျီရာလောင်ကွန်းဆည်ရေလှောင်ကန်အစွန်းရှိ ရေကြောင်းစစ်ဆေးရေးဂိတ်အနီး ပဲ့ချိတ်လှေငယ်တစ်စီးဖြင့် ဖြတ်သန်းသွားစဥ် လုံခြုံရေးဝန်ထမ်းများက စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အသက် ၄၄ နှစ်အရွယ်ရှိ မုဆိုး နိုင်ကွန်ဖနှင့်အတူ သက်သေအဖြစ် အလေးချိန် ၉ ကီလိုဂရမ်အလေးချိန်ရှိသော တောကြောင်မ တစ်ကောင်၏ အကြွင်းအကျန်များ၊ ကျည် ၉၅ ခုနှင့် ယမ်းမှုန့်များ၊ တိရစ္ဆာန်ထောင်ချောက် ၁၀ ခုနှင့် ပဲ့ချိပ်စက်တပ်ယာဥ်တစ်စီးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စံခလပူရီရဲစခန်းသို့ ခေါ်ဆောင်လာကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနယ်စပ်နှင့် ထိစပ်နေသော ထိုင်းနယ်မြေအဝင်အထွက်နေရာအသီးသီးရှိ မော်တော်ကားလမ်းနှင့် ရေကြောင်းလမ်းများ၌ ထိုင်းဘက်က လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း တွေ့ရသည်။
Photo-ကန်ချနပူရီဒေသ သတင်း
See insights and ads
All reactions:
2020