မော်လမြိုင်- ၂၀၂၅ ဇန် (၂၂)
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများကိုင်တွယ်ဆောင်ရွက်သွားနိုင်ရန် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ စစ်တပ်ခေါင်းဆောင်များ နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ (Army Operations Center Neighboring Countries Coordination Center-NCCC) ဗိုလ်ချုပ်ကြီး Direk Bongkarn နှင့် စစ်ကောင်စီ ဒုခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက တွေ့ဆုံစဥ် မြန်မာ-ထိုင်းနယ်စပ်ဒေသတွင်ဖြစ် ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ Online ငွေကြေးလိမ်လ-ည်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှအရေးယူထားရှိမှုနှင့် ဆက် လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ် စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သ တင်းအချက်အလက်များအပြန်အလှန်ဖလှယ်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၇) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong တို့သည် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ထိုင်း၊ မြန်မာ နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရန် သဘောတူညီမှုရယူခဲ့ပြီးနောက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်သွားရန် နှစ်နိုင်ငံစစ်တပ်အကြား တွေ့ဆုံခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
See insights and ads
All reactions:
1515