ကူမင်း- ၂၀၂၅ ဇန် (၂၀)
၂၀၂၅ ဇန်နဝါရီ ၁၈ မှစတင်၍ မြန်မာစစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဝပြည်နယ်ဘက်မှ ကိုးကန့်ဘက်ကို တရုတ်က နယ်စပ်ကုန်သွယ်ခွင့်ပြန်ဖွင့်ပေးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဇန်နဝါရီ ၁၆ ရက်နေ့က နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး နှစ်ဖက်တပ်ဖွဲ့များကြား သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယနေ့တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
“မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးသည် ဒေသတွင်းနိုင်ငံများအားလုံး၏ အကျိုးစီးပွား ဖြစ်သည့်အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသများ၏ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူ ဖြစ်စေမည်” ဟု မော်နင်က ပြောကြားခဲ့သည်။
သတင်းရင်းမြစ်အချို့၏ အဆိုအရ လာမည့်ဇွန်လအတွင်း လားရှိုးမြို့မှ MNDAA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရမည်ဟု သဘောတူညီခဲ့ကြသည်။
သို့ရာတွင် သဘောတူညီချက်များကို အသေးစိတ်ကြေညာခြင်းမရှိသလို တရုတ်၏ဖိအားအပေါ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြသဖြင့် မြေပြင်တွင်အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်းရှိမရှိကိုမူ စောင့်ကြည့်သွားရန်လိုအပ်သေးကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြ၏။
MNDAA သည် ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အာရက္ခတပ်တော် (AA) ညီနောင်မဟာမိတ်အဖွဲ့သည် ၂၀၂၃ အောက်တိုဘာလကုန်ပိုင်းမှစ၍ မြန်မာစစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်ကာ လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း ရမခစစ်ဌာနချုပ် အပါအဝင် တရုတ်နယ်စပ်တလျှောက် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
See insights and ads
Like
Comment
Send
Share