မဲဆောက်၊ ၂၀၂၅ ဇန် (၂၀)
ဘန်ကောက်မြို့ရှိ လက်နက်တိုက်တစ်ခုမှ M16 ချေမှုန်းရေးရိုင်ဖယ် ၄၃ လက်ကို ၂၀၂၂ ခုနှစ်တွင် ခိုးယူခဲ့ပြီး ထိုင်းမြန်မာနယ်စပ်ရှိ ကရင်တပ်ဖွဲ့ထံ ရောင်းချခဲ့သော ထိုင်းရဲ(၈)ဦးနှင့် ပွဲစားအမျိုးသမီးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း The Nation က ဖော်ပြသည်။
အဆိုပါ လက်နက်ခိုးမှုအား ဖော်ထုတ်ခဲ့ပြီးနောက် ရဲတပ်ကြပ် Narubet နှင့် ကြံရာပါ ခုနစ်ဦးအပြင် နယ်စပ်ဖြတ်ကျော်ပြီး ကရင်တပ်ဖွဲ့ထံ ရောင်းချခဲ့သည်ဟု စွပ်စွဲခံရသူ ပွဲစား Worawan ကိုပါ ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
ထိုင်းအထူးရဲတပ်ဖွဲ့ CIB က ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့၏လက်နက်တိုက်အတွင်းမှ ဘတ်(၃)သန်းကျော်တန်ဖိုးရှိ M16 A1 သေနတ်(၄၃)လက်နှင့် ကျည်ဆံများအားခိုးယူ၍ ကရင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများထံ ရောင်းချခဲ့သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်များအား ခိုးယူရောင်း ချရာတွင် ပါဝင်သည့် ထိုင်းရဲမှူးတစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင် CIB က ဖမ်းဆီးရမိပြီးနောက် စစ်ဆေးရာမှ ရဲမှူးကြီးအဆင့်မှ တပ်ကြပ်ကြီးအဆင့်အထိပါဝင်သော ထိုင်းရဲတပ်ဖွဲ့ဝင်(၈)ဦးနှင့် မြန်မာနိုင်ငံဘက်သို့ လက် နက်များကိုပို့ဆောင်ပေးသူ ထိုင်းနိုင်ငံသူပွဲစားအမျိုးသမီး ဝေါလဝမ် (အသက် ၄၉ နှစ် )တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသူ ပွဲစားအမျိုးသမီးအား တာ့က်ခရိုင်၊ အုန်းဖန်မြို့နယ်၊ အုန်းဖန်ကျေးရွာရှိ သူမ၏ နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများအား ထိုင်းဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ထိုင်းအထူးရဲတပ်ဖွဲ့ CIB က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo- The Nation
See insights and ads
All reactions:
2222