ဘန်ကောက်-၂၀၂၅ ဇန်(၁၈)
ဒီဇင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ပျောက်ဆုံးသွားပြီးနောက် လူကုန်ကူးခံလိုက်ရသည့် တရုတ်မော်ဒယ် ရန်ဇီချီကို ထိုင်းရဲတပ်ဖွဲ့က ကယ်ဆယ်ပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ဇီချီအပါအဝင် တရုတ်နိုင်ငံသား ၇ ဦးထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာ နယ်စပ်ရှိ လူကုန်ကူးအဖွဲ့ထံမှ ကယ်ဆယ်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ထိုင်းတော်ဝင်ရဲဌာနချုပ်၌ ဖခင်ဖြစ်သူ မစ္စတာ Y. Haitao က ပျောက်ဆုံးသွားသော ၎င်း၏သား ရန်ဇီချီကို ရှာဖွေပေးရန် လာရောက် အကူအညီတောင်းခံခဲ့သည်။
ဖခင်များကိုယ်ကို ထိုင်းသို့လာရောက်တိုင်ကြားပြီးနောက် တရုတ်နိုင်ငံမှ မင်းသား Wang Xing နှင့် တရုတ်အမျိုးသမီး နှစ်ယောက်ကို ထိုင်းရဲက နောက်ထပ်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
See insights and ads
All reactions:
2323