ဘုရားသုံးဆူ- ၂၀၂၅ ဇန်(၁၇)
ထိုင်းမြန်မာနယ်စပ် ကန်ချနပူရီပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ထိစပ်လျက်ရှိသော ထိုင်းနယ်မြေ ဘုရားသုံးဆူရွာဘက်အခြမ်းရှိ ခိုးဝင်ပေါက်နေရာများအား ထိုင်းလုံခြုံရေးက သံဆူးကြိုးအတားအဆီးများ ကာထားလိုက်ကြောင်း ဒေသခံများမှ သိရသည်။
ဒေသခံတစ်ဦးက “ဟိုတစ်ည ရှမ်းကုန်းပွဲမှာ အတက်အဆင်းပိတ်လိုက်လို့ လူတွေက ခြံစည်းရိုးတွေ လိုက်ဖြဲထားတယ်၊ အဲဒီနေရာတွေကို သံဆူးကြိုးတွေနဲ့ ပြန်ကာတာ ရှိတယ်၊ ဒီနေ့ လူအသွားအလာ အတက်အဆင်းကတော့ ပုံမှန်ပါပဲ၊ ထိုင်းအလုပ်ရုံတွေက လူအသွားအလာ မပျက်ဘူး၊ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေကတော့ လှုပ်ရွလှုပ်ရွဖြစ်နေတယ်၊ လူကြီးတွေ ခဏခဏ အသွားအလာရှိတယ်”ဟု ဆိုသည်။
ထို့ပြင် ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး၊ စံခလပူရီ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲမှူးကြီးနှင့်အတူ ဌာနဆိုင်ရာများက ယနေ့တွင် ဘုရားသုံးဆူရွာ၌ အပျက်အစီးများကို စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ယမန်နေ့တွင်လည်း ဆန်ခလာဘူရီခရိုင် အုပ်ချုပ်ရေးမှူး၊ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့်အတူ လတ်ယားအထူးတပ်ဖွဲ့၊ ဆူရစီတပ်ရင်း၊ အမှတ် ၁၃၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကျေးရွာ ဧရိယာအတွင်း လှည့်ကင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းသတင်းများက ရေးသားသည်။
အဆိုပါ ထိုင်းနယ်မြေ ဘုရားသုံးဆူရွာနှင့်တဖက်ခြမ်းရှိ မြန်မာနယ်စပ်ဘုရားသုံးဆူမြို့တွင် မြဝတီမြို့မှ ထောင်နှင့်ချီသော တရုတ်များပြောင်းရွှေ့လာပြီး တရားမဝင်လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြနေကြသည်။
အလားတူ ထိုင်းမြန်မာနယ်စပ်တလျှောက် ကန်ချနပူရီပြည်နယ်နှင့် နယ်မြေဆက်စပ်လျက်ရှိသော တာခ့်ခရိုင် မယ်လမ၊ အုန်းဖန်၊ မဲဆောက်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စသည့်မြို့နယ် ၅ နေရာရှိ နယ်စပ်ခိုးဝင်လမ်းများကို ထိုင်းစစ်တပ်က သံဆူးကြိုးများ၊ သတိပေးဆိုင်းဘုတ်များ၊ CCTV များတပ်ဆင်ထားပြီး ထိုင်းစစ်တပ်က လုံခြုံရေးတိုးချပြီး ကင်းလှည့်နေကြောင်း သိရသည်။
Photo-โจโฉ
#ဘုရားသုံးဆူ#လုံခြုံရေး#ကျားဖြန့်
See insights and ads
All reactions:
103103