ဘန်ကောက်- ၂၀၂၅ ဇန် (၁၇)
အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အွန်လိုင်း လောင်းကစားမှုများနှင့် ဖုံးဆက်လိမ်လည်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန်နှင့် တာဝန်ယူ ဖြေရှင်းရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြာသပတေးနေ့တွင် ပြောဆိုလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားသည်။
ယင်းလောင်းကစားနှင့် လိမ်လည်မှုများသည် ထိုင်း- မြန်မာ နယ်စပ်တလျှောက်မှာ ဖြစ်ပွါးနေပြီး တရုတ်နှင့် တခြားနိုင်ငံသား အများအပြားကို ထိခိုက်စေသောကြောင့် မြန်မာနှင့် ထိုင်းပါဝင်သော အာဆီယံ ၁၀ နိုင်ငံအဖွဲ့နှင့် တရုတ်တို့ ပူးပေါင်းမှု တိုးမြှင့်ပြီး နယ်စပ်ကျော်ဖြတ် ဖြစ်ပွါးတဲ့ ရာဇဝတ်မှု တွေကို နှိမ်နင်း ရေးကို အရေးတကြီး ကိစ္စရပ်တခု အနေဖြင့် လုပ်ဆောင်သွားရန် လည်း အကြံပြုခဲ့သည်။
ဒေသတွင်းကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံခြားဝန်ကြီး ရှားရှားပါးပါး တွေ့ဆုံချိန်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သလို တရုတ်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ခရီးသွားများ စိတ်ချလက်ချ သွားလာနိုင်သည့် အန္တရာယ်ကင်းသည့် ဝန်းကျင်ဖြစ်စေရေး အာဆီယံနိုင်ငံများနှင့် ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိသည်ဟု ဆိုသည်။
အရှေ့တောင်အာရှ ဒေသတလွှား ဖုံးဆက်လိမ်လည် မှုများနှင့် လူကုန်ကူးမှု အန္တရာယ် တနေ့တခြား များပြားလာသည့်အပေါ် တရုတ်အစိုးရက စိုးရိမ်မှုတိုးလာသောကြောင့် ယင်းကဲ့သို့ လုံခြုံရေး တိုးမြှင့်သွားရန် ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ထိုင်းမြန်မာနယ်စပ် မဲဆောက်တလျှောက် မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စသည့်မြို့နယ် ၅ နေရာရှိ နယ်စပ်ခိုးဝင်လမ်းများနှင့် သဘာ၀တောလမ်းများကို ထိုင်းစစ်တပ်က သံဆူးကြိုးများကာရံ၍ လုံခြုံရေးတိုးမြှင့်ချထားလိုက်ပြီး သတိပေးဆိုင်းဘုတ်များ၊ CCTV များတပ်ဆင်ထားပြီး ထိုင်းစစ်တပ်က ကင်းလှည့်နေကြောင်း ဒေသခံများမှ သိရသည်။
See insights and ads
All reactions:
2323