ဘန်ကောက်- ၂၀၂၅ ဇန် (၁၆)
ထိုင်း၏ ခရီးသွားကဏ္ဍအပေါ် ဆိုးကျိုးများ သက်ရောက်မည့် အခြေအနေမှ တားဆီးသွားရန် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြို့တစ်မြို့၏ ပြဿနာကို အလေးထား ဖြေရှင်းကြရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က ပြည်တွင်းနိုင်ငံရေး သမားများကို တိုက်တွန်းခဲ့သည်ဟု Thai PBS World က ဖော်ပြသည်။
မြန်မာနိုင်ငံ၏ ကျားဖြန့်စင်တာများတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ထောင်နှင့်ချီသော နိုင်ငံသားပေါင်းများစွာ ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့် အရေးကိစ္စနှင့်အတူ ထိုပြဿနာကို ဖြေရှင်းရာ၌ ထိုင်းအနေဖြင့် ပိုမိုထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အခြားနိုင်ငံများက ထိုင်းအစိုးရကို ဖိအားများပေးနေသည်။
“ထိုင်းနိုင်ငံဟာ ကြောက်ဖို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွေပေါ်မှာ ကောလာဟလတွေ အများကြီး ပျံ့လာခဲ့ပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ ပြင်ဆင်နေပါတယ်”ဟု ဝန်ကြီးချုပ် ဖယ်ထောင်ထန်က ပြောကြားခဲ့သည်။
ထို့ပြင် ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုစေရေးအတွက် တရုတ် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသအတွင်း တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ထိုင်းဘုရင့်တပ်မတော်အထူးတပ်ဖွဲ့က ဦးဆောင်ပြီး မြဝတီတဖက်ကမ်း မဲဆောက်၊ ထဆောင်ယန်၊ ဖုတ်ဖရ၊ အုန်းဖန်နှင့် မဲရမတ်ဒေသတို့တွင် ကင်းလှည့်နေသည်။
တဖက်နိုင်ငံမှ မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လူကုန်ကူးမှု၊ တရားမဝင် လုပ်သားပို့ဆောင်မှုများအား တားဆီးကာကွယ်ရန် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
See insights and ads
All reactions:
22