ဘန်ကောက်-၂၀၂၅ ဇန်(၁၆)
မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများရှိ အွန်လိုင်းလိမ်လည်လှည့်ဖျားမှုလုပ်ငန်းများ လက်ထဲတွင် ကျရောက်နေသည့် တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရပ်ခြားတွင် ပိတ်မိနေသော နိုင်ငံသားများကို ကယ်ဆယ်ရန်နှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ နေရာများကို ဖျက်သိမ်းရန်အတွက် အခြားနိုင်ငံများ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု CCTV ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ထို့ပြင် CCTV ၏ သတင်းဖော်ပြချက်တွင် အွန်လိုင်းလိမ်လည်လှည့်ဖျားမှုလုပ်ငန်းများနှင့် ပတ်သက်ခဲ့သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်နယ်စပ်ရှိ ကိုးကန့်မိသားစု လေးစုကိုလည်း မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်ကိုလည်း ဖော်ပြခဲ့သည်။
လိမ်လည်သည့် ဂိုဏ်းများက လစာမြင့်သော အလုပ်အကိုင်၊ အစားအသောက်၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များပေးမည်ဟု ကတိများပေးကာ မြဝတီကဲ့သို့ မြို့များတွင် လည်ပတ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်များထံ ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့များမှတစ်ဆင့် ခေါ်ယူခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ယခုလ အစောပိုင်းက တာ့ခ်ခရိုင်တွင် ပျောက်ဆုံးခဲ့ပြီးနောက် ပြန်လည်တွေ့ရှိခဲ့သည့် တရုတ်သရုပ်ဆောင်တစ်ဦး၏ ဖြစ်ရပ်မှာ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ ပြန်လည်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသားသရုပ်ဆောင်မှာ လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ယူဆကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၆၀၀၀ ကျော်ကို မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များ၏ ပံ့ပိုးမှုဖြင့် တရုတ် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် တရုတ်လူမျိုး အယောက် ၃၉၀၀ ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယားနှင့် ကင်ညာနိုင်ငံသားများ ပါဝင်ကြောင်း လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် Civil Society Network for Victim Assistance in Human Trafficking မှ ယခုလအစောပိုင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
See insights and ads
Like
Comment
Share