ဘန်ကောက်- ၂၀၂၅ ဇန်နဝါရီ (၁၀)
ထိုင်းနိုင်ငံမှ တရုတ်ခရီးသွား ၂ ဦးကို မြန်မာဘက်သို့ လိမ်လည်ခေါ်ဆောင်ခံရတော့မည့်အနေအထားတွင် ထိုင်းစစ်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း Khaosod English သတင်းဌာနက သတင်းဖော်ပြသည်။
တရုတ်နိုင်ငံသား ခရီးသွား ၂ ဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် Wu နှင့် အသက် ၃၆ နှစ်အရွယ် Zhu တို့ကို တာခ့်ခရိုင်၊ ဖုတ်ဖရမြို့နယ်သို့ရောက်ရှိလာပြီး မြန်မာနယ်စပ်သို့ ဖြတ်သန်းရန် စောင့်ဆိုင်းနေရန် ထိုင်းစစ်တပ်က ကယ်တယ်ခဲ့ခြင်း ဖြစ်သည်။
၄င်းတရုတ်ခရီးသွား ၂ ဦးမှာ ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာကြောင်း၊ ထိုနောက် ချင်းမိုင်သို့ သွားရောက် လည်ပတ်စီစဉ်ထားခဲ့သော်လည်း ကားသမားက လမ်းကြောင်းပြောင်းကာ တာခ်ခရိုင်၊ မြန်မာနယ်စပ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နယ်စပ်သို့ ဖြတ်သန်းရန် အချိန်စောင့်ဆိုင်းရန် ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်ခရီးသည် ၂ ဦးကို လူကုန်ကူးခံရသည့် အခြေအနေ မတိုင်မီ ထိုင်းစစ်တပ် ကယ်တင်နိုင်ခဲ့ပြီး မဲဆောက်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးကာ မိသားစုနှင့် ဆက်သွယ်နိုင်ရေး ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။
Source-Khaosod English.