စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာသူ ၃ သန်းကျော်ရှိ
မော်လမြိုင်၊ ၂၀၂၄၊ နိုဝင်ဘာ(၂၈)
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခနှင့် စစ်မှုထမ်းဥပဒေအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃.၄ သန်းရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိဝင်ဘာလ ၂၇ ရက်နေ့ကထုတ်ပြန်သည့် တတိယသုံးလပတ်အစီရင်ခံစာတွင် ပြင်းထန်လာသည့်တိုက်ပွဲများနှင့် စစ်မှုထမ်းဥပဒေကြောင့အိုးအိမ်စွန့်ခွာထွက်ပြေးရမှုအပါအဝင် မိုးရာသီအတွင်း မြန်မာနိုင်ငံနေရာအနှံ့ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး နေအိမ်အမြောက်အများနှင့် လမ်းတံတားများဆုံးရှုံးခဲ့ရပြီး ပြည်တွင်းမတည်ငြိမ်မှုများ ပိုမိုများပြားလာကြောင်း ဖော်ပြထားသည်။
ယင်းအတွက် ဒေသတွင်းနှင့် နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့များအနေအဖြင့် လျင်မြန်စွာတုံ့ပြန်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ဖော်ပြထားသည်။
ထို့ပြင် အိုးအိမ်စွန့်ခွာထွကပြေးသူအရေအတွက်အနေဖြင့် ပြီးခဲ့သည့် ဒုတိယသုံးလပတ်အတွင်းကထက် ၁.၉ သန်းကျော်တိုးလာခဲ့ပြီး တိုက်ပွဲများကြောင့် နယ်စပ်ဂိတ်များပိတ်သဖြင့် စီးပွားရေးအချို့ပြိုလဲခြင်းနှင့် ကုန်သွယ်ရေးပျက်ပြားြခင်းအပါအဝင် ငွေကြေးဖောင်းပွပြီး စီးပွားရေးပြိုလဲကာ စားဝန်နေရေးအခက်အခဲများနှင့် ပိုမိုကြုံတွေ့လာနေကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
Photo-အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ