မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် မြို့နယ် ၉ ခုမှာ လူဦးရေငါးသိန်းနီးပါး စစ်ရေးပဋိပက္ခဒဏ် ခံစားနေရကြောင်း မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) မှ နိုဝင်ဘာ ၁၈ အစီရင်ခံစာအရ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဒေသခံများမှာ နေရပ်စွန့်ခွာပြီး ထပ်မံပြောင်းရွှေ့ရခြင်းကြောင့် ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသော နောက်ထပ်လူဦးရေ ၂၃၀၀၀ ကျော်မှာ အမိုးအကာ နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း MSHN က ဖော်ပြထားသည်။
မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ် နှင့် ရေးမြို့နယ်၊ ကရင်ပြည်နယ်တွင် ကြားအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းတွင် ရေဖြူ နှင့် လောင်းလုံမြို့နယ်တို့မှ ဒေသခံများ ရွေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ စစ်ရေးပဋိပက္ခဒဏ် ခံစားနေရသော လူဦးရေ ငါးသိန်းကျော်အတွက် ကုလသမဂ္ဂအေဂျင်စီများ နှင့် အစိုးရအေဂျင်စီများ အနေဖြင့် လူသားချင်းစာနာမှုများ လျင်မြန်စွာ တုံ့ပြန်ပြီး ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ နှင့် နီးနီးကပ်ကပ်လုပ်ဆောင်ရန် MSHN က အကြုံပြု တိုက်တွန်းထားသည်။
အောက်တိုဘာလအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးအဖွဲ့တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လအထိ မြန်မာနိုင်ငံအတွင်း စစ်ပြေးဒုက္ခသည် ၆ ဒဿမ ၃ သန်းကျော်ရှိလာကြောင်း ISP-Myanmar က ဖော်ပြသည်။
Photo- စစ်ပြေးဒုက္ခသည်