ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ယနေ့နံနက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
အဆိုပါခရီးစဥ်တွင် စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီ (၁၀) ပါတီ၊ NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့မှ ကိုယ်စား လှယ်တို့ ပါဝင်ကြောင်း၊ မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးနှင့် မွန်ညီညွတ်ရေးပါတီ MUP ဒုဥက္ကဌ (၁) နိုင်တညီတို့က ၄င်းခရီးစဥ်တွင် လိုက်ပါသွားကြောင်း သိရသည်။
ထို့အတူ ပြည်ခိုင်ဖြိုးပါတီ USDP, ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP, ရခိုင့်ဦးဆောင်ပါတီ Arakan Front Party-AFP နှင့် ပြည်သူ့ပါတီကိုယ်စားလှယ်တို့ ပါဝင်သည်။
အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို မနက်ဖန် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ၇ ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးမည် ဖြစ်သည်။
နိုင်ငံရေး
ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖက်ဒရယ်စနစ်ဆိုင်ရာ
မွန်ပြည်သစ်ပါတီ
NMSP
မွန်ညီညွတ်ရေးပါတီ
MUP
ကိုယ်စားလှယ်