မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်၊ ထားဝယ်စုရပ်ရှိ သံလွင်တိုင်းမ်သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကိုကိုဇော်၏ နေအိမ်အား ယမန်နေ့ မွန်းလွဲပိုင်းအချိန် လာရောက်ချိပ်ပိတ်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၅) ရက် မွန်းလွဲ (၃) နာရီခန့်က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များကအယ်ဒီတာချုပ် ဦးကိုကိုဇော်၏ နေအိမ်အားလာရောက်ချိပ်ပိတ်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောကြားသည်။
“ဦးကိုကိုဇော် တို့က အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လာရောက်ချိပ်ပိတ်သွားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင်လည်း ဦးကိုကိုဇော် အယ်ဒီတာချုပ်အဖြစ်တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည့် သံလွင်တိုင်းမ် သတင်းဌာသည် ထိုင်းနိုင်ငံ၌ အခြေစိုက်ကာ သတင်းမီဒီယာလုပ်ငန်းများလုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
Photo- ချိတ်ပိတ်သည့် ဗီနိုင်း။