ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ ဘုန်တော်ကြီးကျောင်းတစ်ကျောင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေသော သံဃာ ၅ ပါးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက် ည ၈ နာရီအချိန်တွင် ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
သံဃာ ၂၅ ပါးသီတင်းသုံးနေသည့် ဘုန်းကြီးကျောင်းအနောက်ဘက် အခန်း ၆ ခန်းရှိ ၂ ထပ်တိုက် ကျောင်းဆောင်အပေါ်ထပ်သို့ ရဲတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စီနင်းခဲ့ရာတွင် ဘုန်းကြီး ၅ ပါးက မူးယစ်ဆေးဝါးများ သုံးစွဲနေသည်ကို တွေ့ရှိကြောင်း၊ ၎င်းတို့မှာ Phra Anucha အသက် ၂၆ နှစ်၊ Phra Itthiphon အသက် ၄၀ နှစ်၊ Phra Kittisak အသက် ၄၀ နှစ်၊ Phra Saran အသက် ၂၇ နှစ်နှင့် Phra Yutthana အသက် ၃၁ နှစ်တို့ ဖြစ်သည်။
အခန်းအမှတ် (၆) တွင် မူးယစ်ဆေးဝါးသုံး ပစ္စည်းများ၊ စိတ်ကြွဆေး၊ ရေခဲ၊ ကွန်ဒုံးနှင့် မူးယစ်ဆေးများ တွေ့ရှိခဲ့သောကြောင့် ဘုန်းကြီး ၅ ပါးလုံးကို Wat Bot Don Phrom သို့ ပို့ဆောင်ခဲ့ပြီး ဆရာတော်မှလူဝတ်လဲစေကာ တရားစွဲဆိုရန် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ထိုင်းသတင်းက ဖော်ပြသည်။
Photo- ဘုန်းကြီးကျောင်းကို ထိုင်းရဲများ ဝင်ရောက်စီးနင်းဖော်ထုတ်ဖမ်းဆီးခဲ့စဥ်။
Source; Insight- https://www.naewna.com/local/836977/preview?fbclid=IwY2xjawGFRbVleHRuA2FlbQIxMAABHTZDWmZOTeIm4RcXgO7TeSh97TgmpNoeHKCZgrxcVn7IDZ_9zLAjDet-2Q_aem_ukQ3AhZVlL7RQz9dxyAwAQ