ကောင်းဝါ- ၂ ဇူလိုင် ၂၀၂၃။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဇွန်လ (၃၀) ရက်က ငွေကျပ်သိန်း (၂၀၀၀) ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြိတ်မြို့၊ တရုတ်တန်းရပ်၊ အေးချမ်းဖြူစင်လမ်း ရှိ နေအိမ်တစ်လုံးမှာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက် ည (၆) နာရီ (၂၀) မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ တရုတ်တန်းရပ်၊ အေးချမ်းဖြူစင်လမ်းနေ ဒေါ်နုနုရွှေ ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဒေါ်နုနုရွှေ (၄၄)နှစ်အား မြိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။