စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့် မွန်ပြည်နယ်၊ ရေးခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် နေ့စဉ် လုံခြုံရေအင်းအား ရာနှင့်ချီအသုံးပြုကာ စာရင်းကောက်ယူနေကြောင်း သိရသည်။
စစ်တပ်၊ ရဲနှင့် အသစ်ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များအပါအဝင် ကျန်းမာရေးဝန်ထမ်းများဖြင့် အင်အားတစ်ရာကျော်အသုံးပြုထားကြောင်း ဒေသခံများက ပြောကြားသည်။ ‘
‘သူတို့လမ်းကြောင်းတစ်လျှောက် အရှေ့ကြိုပွိုင့်နေရာချတာတွေ၊ စာရင်းကောက်အဖွဲ့ကား ၁၀ စီးကျော်မှာ လုံခြုံရေးက ၆ စီးလောက်ပါတယ်၊ ဆေးရုံကားလည်းပါတယ်၊ ဂျန်ဘာတွေလည်းပါတယ်၊ တော့်တော့်ကို လုံခြုံရေးကို ယူထားတဲ့အနေအထားပဲ၊ လက်ရှိ ၃ ရက်မြောက်အတွင်းကတော့ စိတ်ချရတဲ့ရွာတွေဘက်ကို အရင်သွားတယ်၊ ရှေ့တန်းထွက်နေသလို အသင့်အနေအထားနဲ့သွားနေရတယ် ” ဟု ရေးခရိုင်အတွင်းရှိ အရာထမ်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ရေးမြို့အခြေစိုက်စစ်နယ်မြေမှူးက သန်းခေါင်စာရင်းကောက်ယူမည့် အရပ်ဘက်ဝန်ထမ်းများလုံခြုံရေးအတွက် အာမခံချက်အပြည့်အပေးထားပြီး ဒေသခံများအနေဖြင့်မူ အင်အားအများအပြားဖြင့် ကျေးရွာများအတွင်း လာရောက်စာရင်းကောက်ယူနေမှုကြောင့် စိုးရိမ်ထိတ်လန့်မှုများရှိနေသည်။
” စစ်ကြောင်းထိုးနေသလိုပဲ အလုံးအရင်းနဲ့မို့ ရွာသူရွာသားတွေက လန့်တယ်၊ တစ်ခုခုဖြစ်မှာလည်းစိုးတယ်၊ သူတို့မေးသမျှကို လိုအပ်သလောက်ပဲ ခပ်မြန်မြန်ဖြေလိုက်တာပဲ၊ မြန်မြန်ပြန်ရင်ပြီးရောဆိုပြီးတော့လေ ” ဟု ရေးအနောက်ပိုင်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောကြားသည်။
ရေးမြို့နယ်အတွင်း လုံခြုံရေးအနေအထားအရ ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ စာရင်းကောက်ယူသွားရန်ရှိနေပြီး ၃ ရက်တာအတွင်း ရေးမြို့အနောက်ပိုင်းနှင့် ရေးတောင်ပိုင်းတို့ကို စာရင်းကောက်ယူလျက်ရှိနေကြောင်း သိရသည်။
Photo-စစ်ကောင်စီလုံခြုံရေးအဖွဲ့