လွန်ခဲ့သည့် နှစ် ၅၀ ကျော် တော်လှန်ရေးကောင်စီအစိုးရ စစ်အာဏာသိမ်း ဗိုလ်ချုပ်နေဝင်းလက်ထက် တနည်းဆိုရသော် မွန်ပြည်နယ် မပေါ်ပေါက်မီကတက္ကသိုလ်ရောက် မွန်ကျောင်းသားတွေ ဘယ်လိုလှုပ်ရှားခဲ့ပါသလဲ၊ ၄င်းအစဥ်အလာများက လက်ရှိတက္ကသိုလ်လောကမှာ အမွေကျန်ရစ်နေသေးလား၊ လေ့လာလိုသူများအတွက် ရည်ညွှန်းပါသည်။
🎀 အတွင်းရေးမှူး အစီရင်ခံစာ🎀
တိုင်းရင်းသားများ ပေါင်းဆုံရာ ဤတက္ကသိုလ် နယ်မြေတွင် မိမိတို့၏စာပေယဉ်ကျေးမှုကို ဖေါ်ထုတ် ပြသပြီး တဦးနှင့်တဦး ရှင်းလင်းနားလည်မှုဖြင့် ပြည်ထောင်စုတည်တန့်ခိုင်မြဲမှုကို တည်ဆောက်သွားရန် အတွက် ပညာရေးဋ္ဌာနမှ ဗဟို၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသား ဆပ်ကော်မီတီများကို ဖွဲ့စည်းစေခဲ့သည်။
🎀 မွန်ဆပ်ကော်မီတီဖွဲ့စည်းခြင်း 🎀
အမှုဆောင် ( ၁၃) ဦး ပါဝင်သော မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မီတီ (၁၉၇၀ – ၁၉၇၂) ကို ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ရာမညဆောင်အခန်း (R-7) တွင် ၁၉၇၀ ခုနှစ် စက်တင်ဘာလ (၂၆ ) ရက်နေ့၌ တက္ကသိုလ်ပေါင်းစုံမှ မွန်ကျောင်းသူ ကျောင်းသာများ တက်ရောက် ဖွဲ့စည်းပေးခဲ့သည်။
🎀 သစ်လွင်ကြိုဆိုပွဲ🎀
အောက်တိုဘာလ (၁၈) ရက် နေ့တွင် ဝိဇ္ဇာခန်းမ၌ တက္ကသိုလ်ရောက် မွန်ကျောင်းသူ ကျောင်းသားသစ်များအား အခမ်းအနားဖြင့် ကြိုဆိုခဲ့ပါသည်။ ယင်းသစ်လွင်ကြိုဆိုပွဲတွင် အခြေခံပညာရေးအထက်တန်း၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဆု ချီးမြှင့်ခြင်း။ ကျောင်းသူ-ကျောင်းသားသစ်များအား မိတ်ဆက်ပေးခြင်း ။ နာယကလူကြီးများ၏ ဩဝါဒခံယူခြင်းနှင့် အတူ မွန်သုခုမ အနုပညာဖြင့် ဧည့်ခံခဲ့သည်။
🎀 မွန်စာပေသင်တန်း 🎀
မွန်ကျောင်းသူ ကျောင်းသားတိုင်း မွန်စာတတ်မြောက်ရေးအတွက် စာပေသင်တန်းကို (၂၄-၁၀- ၇ဝ) စနေနေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း ရာမညဆောင် (R-3) (ဝ/သ တက္ကသိုလ်)တွင် ဖွင့် လှစ်ခဲ့ပြီး မင်းရွှေလွင်၊ ဗညားအောင်မိုးတို့က ဦးစီးသင်ကြားပေးသည်။ သင်တန်းသား ၅၇ ယောက် တက် ရောက်ကြသည်၊ အနုပညာသင်တန်း အဆိုအက သင်တန်းကို စနေ တနင်္ဂနွေနေ့များ တွင် နိုင်ခင်မောင်ကြီးနှင့် မင်းထောပိုင်တို့က သင်ကြားပြသပေးသည်။
🎀 အကူအညီတောင်းခံခြင်း 🎀
ပထမအကြိမ်ထုတ်ဝေသော တက္ကသိုလ် မွန်မဂ္ဂဇင်းနှင့် နှစ် ၅ဝ ပြည့် တက္ကသိုလ် ရွှေရတုသဘင် များနည်းတူ ပါဝင်ဆင်နွှဲနိုင်ရေး အခမ်းအနားတွင် အများနည်းတူအတွက် အပြင်မှမွန်လူကြီးများထံမှ အကူအညီများ တောင်းခံခဲ့ရသည်။ ကူညီခဲ့ကြသော စေတနာရှင်များအား (၂၉-၁၁-၇ဝ) ရက်နေ့တွင် စက်မှု တက္ကသိုလ်ခန်းမ၌ မွန်ရိုးရာ အဆိုအကများဖြင့် ပြန်လည် တုံ့ပြန်ခဲ့ပါသည်။
🎀 နှစ် ၅၀ ရွှေရတုသဘင် 🎀
အခြား တိုင်းရင်းသားများ နည်းတူ တက္ကသိုလ် နှစ် ၅ဝ ပြည့် အခမ်းအနားတွင် မွန်တပင်တိုင်အက၊ နှစ်ပါးသွားနှင့် ကျောင်းသူ ၃၂ ယောက်ပါဝင်သော ယိမ်းနှင့် ရိုးရာတေးဂီတများဖြင့် ပါဝင်ခဲ့သည်။ မွန် တိုင်းရင်းသားဆိုင်ခန်းတခုကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီး မွန်တို့၏ လက်ရာအဖြစ် မွန်ဒေသထွက် မွန်အနုပညာလက်ရာများကို ပြသရောင်းချခဲ့သည်။ ၁၉၇၁ ခုနှစ် ပြည်ထောင်စုနေ့ ကိုယ်စားလှယ် နှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအားသွါးရောက်တွေ့ဆုံပြီး တက္ကသိုလ် မွန်မဂ္ဂဇင်းလက်ဆောင်များ ပေးအပ်ခဲ့၏။
🎀 ဆပ်ကော်မီတီတိုးချဲ့ဖွဲ့စည်းခြင်း 🎀
ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် အမျိုးသား အပန်းဖြေရိပ်သာ၌ ဗဟို၏ ခွင့်ပြုချက်အရ လုပ်ငန်းများတွင် ကျယ်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဆပ်ကော်မီတီ ကိုအမှုဆောင် ၁၀ ယောက်ဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ယမန်နှစ်ကကဲ့သို သစ်လွင်ကြိုဆိုပွဲကို (၁၀-၁၀ ၇၁) ရက်နေ့တွင် ကျင်းပခဲ့သည်။
🎀 စာပေနှင့်အနုပညာသင်တန်း 🎀
စာပေသင်တန်းကိုယခင်နှစ်ထက်ပို၍ အောင်မြင် စေရန်အတွက်ကြိုပမ်းခဲ့သည်။ သင်တန်းသား (၆၂) ယောက် စတင်တက်ရောက်ခဲ့ပြီး မင်းထွန်းစိန်၊ မင်းစိန်သောင်း၊ ဗညားအောင်မိုးတို့က သင်ပြသည်။ (၂ ၆-၂ -၇၂ ) ရက်နေ့တွင် သင်တန်းဆင်း စာမေးပွဲကိုလည်း စတင်ကျင်းပခဲ့သည်။ စာပေသင်တန်းဆင်း ပွဲကို လိပ်ခုံးခန်းမ၌ (၂ ဂ-၅-၇၂ ) ရက်တွင် ကျင်းပပြီး ထူးချွန်သူများနှင့်အောင်မြင်သူများအား ဆုများ ချီးမြှင့်ခဲ့သည်။ စာပေသင်တန်း ဆင်းပွဲနှင့် အတူ နောက်ဆုံးနှစ် ကျောင်းသူ-ကျောင်းသား များအား ဂုဏ်ပြုပွဲကိုပါ ပူးတွဲကျင်းပခဲ့သည်။ အခက် အခဲအမျိုးမျိုးကြောင့် ယခုနှစ်တွင် အနုပညာသင်တန်းကို သီးသန့် မဖွင့်လှစ်တော့ဘဲ သစ် လွင်ကြိုဆိုပွဲ၊ ပြည်ထောင်စုနေ့၊ စာပေသင်တန်းဆင်းပွဲ စသည့် အခမ်းအနားများ ကျင်းပချိန်၌သာ မွန်အဆိုအကများကို ပူးတွဲသင်ကြားပေးခဲ့သည်။
🎀 တက္ကသိုလ် မွန်ပြက္ခဒိန် 🎀
(၁၉၇၂ ) ခုနှစ်အတွက်တက္ကသိုလ် မွန်ပြက္ခဒိန်ကို အခက်အခဲပေါင်းများအကြားမှ အောင်မြင်စွာ ထွက် ပေါ်လာရေးအတွက် ကော်မီတီဖွဲ့စည်းပြီးကြိုးပမ်းခဲ့၏။
🎀 အမျိုးသား ဝတ်စုံ 🎀
အမျိုးသားဝတ်စုံသည် မရှိမဖြစ်ဟု ဆပ်ကော်မီ တီမှယုံကြည်သည့် အားလျော်စွာ မန္တလေး၊ တောင် ကြီး၊ မော်လမြိုင်ရှိ ဆပ်ကော်မီတီများနှင့် ညှိနှိုင်းပြီး အမျိုးသားဝတ်စုံ သတ်မှတ် နိုင်ရေးအတွက် ကြိုး ပမ်းခဲ့သည်။
🎀 ပဲခူးသို့ခရီးထွက်ခြင်း 🎀
၃၁-၁-၇၂ နေ့တွင်ကျရောက်မည့် မွန်အမျိုးသားနေ့ အကြိုအဖြစ် (၃၀-၁-၇၂) နေ့တွင် ပဲခူးသို စုပေါင်းခရီးထွက်ခဲ့ပြီး၊ ပဲခူးမြို့တွင် မွန်ရိုးရာအကများကို နှစ်နေရာခွဲ၍ တင်ပြခဲ့သည်။
🎀 ဂီတပဒေသာပွဲ 🎀
ဗဟိုကော်မီတီမှ ကြီးမှူးကျင်းပသော တိုင်းရင်း သားရိုးရာ ဂီတပဒေသာ ကပွဲကို နိုဝင်ဘာလ (၁၃) ရက်နေ့တွင် လိပ်ခုံးခန်းမ၌ကျင်းပခဲ့ရာ ဆပ်ကော်မီ တီမှလည်းရိုးရာနှင့် ခေတ်ပေါ်တေးသီချင်း (၄) ပုဒ် တင်ဆက်ခဲ့သည်။
🎀 ပြည်ထောင်စုနေ့ 🎀
(၁၉၇၂ ) ခုနှစ် ပြည်ထောင်စုနေ့အကြို ပဒေသာကပွဲကို ဗဟိုမှဦးစီးကျင်းပခဲ့ရာ ဆပ်ကော်မီတီအ နေဖြင့်ရိုးရာဒိုးပတ်နှင့် ယိမ်းအကများကို တင်ဆက်ခဲ့သည်။ တခြားတိုင်းရင်းသား ဆပ်ကော်မီတီများ နည်းတူ သံလျင်မြို့သိုလည်း သွားရောက်ကပြခဲ့သည်။
🎀 အမျိုးသားအထိမ်းအမှတ် 🎀
မွန်အမျိုးသား အထိမ်း အမှတ် “ဟင်္သာရုပ်””စံ အဖြစ် အတည်ပြု သတ်မှတ်နိုင်ရေး အတွက် ဆပ် ကော်မီတီသည် အခြားတက္ကသိုလ်များရှိ ဆပ်ကော် မီတီများနှင့် မွန်လူထုများထံမှ အကူအညီ အကြံ ဥာဏ်များကို တောင်းခံထားဆဲဖြစ်သည်။
🎀 မွန်မဂ္ဂဇင်း 🎀
ဒုတိယအကြိမ်အတွက် တက္ကသိုလ် မွန်မဂ္ဂဇင်းကို ကော်မီတီဖွဲ့ပြီး ထုတ်ဝေခဲ့သည်။
🎀 ဆက်ဆံရေး 🎀
မန္တလေးတက္ကသိုလ်ရှိ မွန်ဆပ်ကော်မီတီ၏ “ရိုးရာမိတ်ဆုံစားပွဲ” အတွက် အကူအညီများ ပေးခဲ့ပြီး မော်လမြိုင်ကောလိပ် မွန်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး အ တွက် လိုအပ်သော အကူအညီများကို ပေးခဲ့သည်။
မင်းမြင့်ဆွေ
အတွင်းရေးမှူး
မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မီတီ တက္ကသိုလ်များ၊ ရန်ကုန်။
Photo-တက္ကသိုလ် မွန်ကျောင်းသားလှုပ်ရှားမှုများ