ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ အိန္ဒိယနိုင်ငံသား ၆၃ ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို ရောက်ရှိနေသော နောက်ဆုံးလွတ်မြောက်လာသူ အိန္ဒိယနိုင်ငံသား ၃ ဦးအပါအဝင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြန်လည်လွတ်မြောက်လာသူ ၆၃ ဦးပါဝင်ကြောင်း သံရုံးကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ မလေးရှားနှင့် ယူအေအီးနိုင်ငံများက အိန္ဒိယနိုင်ငံသားတွေအများစုမှာ ထိုင်းမှတဆင့် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသဘက်ကို လူကုန်ကူးခံနေရကြောင်း သိရသည်။
လာမည့် စက်တင်ဘာ ၁၅ ရက်တွင် မြဝတီမြို့နယ်ရှိ ရွှေက္ကိုလ်မြိုသစ်စီမံကိန်းဖျက်သိမ်းရေးကို စတင်သွားမှာဖြစ်သည့်အတွက် လုပ်ငန်းရှင်များနှင့် ၀န်ထမ်းများတို့အနေဖြင့် စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထား၍ အားလုံးထွက်ခွာသွားရမည်ဖြစ်ကြောင်း ကြေငြာချက်တရပ်ထွက်ပေါ်လျက်ရှိသည်။
ထို့ပြင် မြဝတီနယ်စပ်မှ ကျားဖြန့်လုပ်ငန်းများကို ဘုရားသုံးဆူနယ်စပ်သို့ ကရင် BGF တပ်ဖွဲ့၏ စီစဥ်မှုဖြင့် ပြောင်းရွှေ့ထားခဲ့ပြီး ယခုအခါ တရုတ်လူမျိုးမျက်နှာစိမ်း ၈၀၀၀ ဝန်းကျင်ခန့် ရောက်ရှိနေကြောင်း ဒေသခံများမှ သိရသည်။
Photo-လွတ်မြောက်လာသော အိန္ဒိယနိုင်ငံသားများ