ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်၌ စာသင်ကျောင်းပိတ်သိမ်းခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား၏ ကလေးများအနေဖြင့် ထိုင်းအစိုးရကျောင်းများတွင် တက်ရောက်သင်ကြားလိုပါက စာရင်းပေးသွင်းနိုင်ကြောင်း ထိုင်းအစိုးက ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာရွှေ့ပြောင်း စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၉၇ ဦးတို့သည် လက်ရှိတွင် ထိုင်းစာသင်ကျောင်းသို့ ပညာသင်ကြားရန် လာရောက်စာရင်းပေးသွင်းထားကြောင်း ဆူရတ်ခရိုင်ပညာရေးရုံးက ထုတ်ပြန်ကြေညာထားသည်။
လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသဖြင့် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ပိတ်သိမ်းခံရသည့်ကိစ္စအပေါ် ထိုင်းပြည်သူ့ပါတီအမတ်၊ ထိုင်းနယ်စပ်ရေးရာ အမျိုးသားမဟာဗျူဟာနှင့် အမျိုးသားပြုပြင်ပြောင်းလဲရေး နိုင်ငံတော် လုံခြုံရေးကော်မတီ ဒုဥက္ကဌ မစ္စတာ Manop Kiriphuvadol က အဆိုပါကျောင်းများ ပြန်ဖွင့်ခွင့်ရရှိရေးအတွက် တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံအတွင်း၌ မြန်မာရွှေ့ပြောင်း ကလေးငယ် ကျောင်းသား၊ကျောင်သူ နှစ်သောင်းနီးပါးခန့်သည် ကျောင်းပေါင်း (၆၃) ကျောင်းတွင် ပညာသင်ကြားနေကြောင်း ထိုင်းအမျိုးသားလူအခွင့်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ( ၄ ) ရက်က ဘန်ကွန်းမြိုနယ်၊ ဆူရတ်ဌာနီခရိုင်အတွင်းရှိ ရွေ့ပြောင်းကလေးများ၏ မေတ္တာရိပ်သင်ကြားရေးစင်တာကို ဆူရတ်ဌာနီခရိုင်ပညာရေးဌာနမှ ပိတ်သိမ်းခဲ့သည်။
Photo- မေတ္တာရိပ်စာသင်ကျောင်းမှ ကျောင်းသူကျောင်းသားများ