မနက်ဖြန် သြဂုတ် (၁၆) ရက်နေ့မှစပြီး ထိုင်းမြန်မာ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာဘက်က ရက်အကန့်အသတ်မရှိ ပိတ်တော့မည်ဟု သတင်းထွက်ပေါ်လာကြောင်း ကုန်သည်များက ပြောသည်။
မြန်မာကုန်သည်တစ်ဦးက “ဘာကြောင့်လဲတော့ မသိဘူး မြန်မာဘက်က မနက်ဖန်ပိတ်မယ်လို့ အစိုးရနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောလာတယ်၊ မနက်ဖန်ကျမှ အခြေအနေစောင့်ကြည့် သွားဦးမယ်”ဟု ပြောသည်။
ထို့ပြင် ဘုရားသုံးဆူမှ မော်လမြိုင်မြို့သို့ တင်သွင်းနေသော ထိုင်းကုန်ပစ္စည်းများကို ယနေ့ နေ့လယ်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့တွင်းသို့ ဝင်ခွင့်မပြုကြောင်း သတင်းရရှိသည်။
သြဂုတ် (၁၀) ရက်နေ့တွင် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကရင်ပြည်နယ်မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ မလေးရှားနိုင်ငံထုတ် စားအုန်းဆီနှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Asia Star Bus (၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၆၁၉,၁၄၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်မှ ဇွန်လ (၂၄) ရက်အထိ ထိုင်း–မြန်မာနယ်စပ်ဂိတ်များအား (၁၀) ရက်ကြာ ပိတ်ထားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
Photo; ကန်ချနပူရီသတင်း