ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းကို ယနေ့ တွင် ရာထူးမှ ဖယ်ရှားလိုက်သည်။
လာဘ်ထိုးရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ရှေ့နေကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးများက ငါးမဲလေးမဲဖြင့် ဆုံးဖြတ်အတည်ပြုကာ ဆရီထာအား သြဂုတ် ၁၄ ရက်တွင် ရာထူးမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
ရှင်နာဝပ်ထရာ မိသားစု၏ ရှေ့နေဟောင်း ပီချစ် ချွမ်ဘန်ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်မှုကြောင့် ထိုင်းနိုင်ငံရေးအခြေအနေကို ကမောက်ကမ ဖြစ်စေနိုင်သည့်အတွက် ဆရီထာသည် ရာဇဝတ်မှုဖြင့် စီရင်ချက်ချခံခဲ့ရသူတစ်ဦးကို အစိုးရအဖွဲ့အတွင်း ရာထူးခန့်အပ်ခဲ့ခြင်းဖြင့် ကျင့်ဝတ်ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
အလားတူ ထိုင်းဘုရင်စနစ်ပြုပြင်ရေးအတွက် ရွေးကောက်ပွဲတွင် ကတိပေးခဲ့သည့် Move Forward ပါတီကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် ပီထာအပါအဝင် ဦးဆောင်သူများကို နိုင်ငံရေး ဆက်လုပ်ခွင့် ၁၀ နှစ် ခုံရုံးက ပိတ်ပင်လိုက်သည်။
လက်ရှိဝန်ကြီးချုပ် ဆရီထာထာဝီဆင်းကို ရာထူးမှဖယ်ရှားလိုက်ပြီးနောက် နောင်တက်လာမည့် ဝန်ကြီးချုပ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်ထရာ၏ သမီး အသက် ၃၇ နှစ်ရှိ မစ္စပေတောင်တန် ရှင်နာဝပ်ထရာ ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
Photo- Social Media