KNU တပ်မဟာ (၄) ထားဝယ်ခရိုင်တွင် KNLA ဗိုလ်မှူးလိုက်ပါလာသည့်ကားကို KTLA ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) မှ ဗိုလ်မှူး စောဒါးနေနှင့် တပ်ရင်း (၁၀) တပ်ရင်းမှူး ဗိုလ်မှူး စောဘွာတို့ စီးနင်းလိုက်ပါလာသည့် မော်တော်ကားအား ထားဝယ်ခရိုင် မေတ္တာမြို့နယ် လော်အော်ရွာအနီး၌ ဇူလိုင် (၁၃) ရက် မွန်းတည့်အချိန်ခန့်က ကော်သူးလေအာမီ KTLA က ချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု KNU အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
KNU အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက “အချင်းချင်းတွေချမှ ပိုအထိနာတယ်” ဟု ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့ကလည်း မေတ္တာမြို့နယ်
ဖောင်းတောရွာအနီးတွင် KTLA မှ ချောင်းမြောင်းပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၄) စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဖိုးဆီ (ခေါ်) ဗိုလ်မှူးမုတ်ဆိတ် အပါဝင် ၂ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သတင်းဖော်ပြခဲ့သည်။