ကျိုက်ထိုမြို့က အလင်းဝင်ရောက်လာသူ PDF (၂) ဦးအား မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ယနေ့ ဇွန်လ (၁၉) ရက်တွင် ကျိုက်ထိုတပ်နယ် ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ PDF (၂) ဦးမှာ ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့က မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကျိုက်ထိုတပ်နယ်သို့ အလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက “အလင်းဝင်လာတဲ့ PDF ((၂) က KNU တပ်မဟာ (၁) လက်အောက်ခံ KNLA/PDF အဖွဲ့ဝင်တွေလို့ သိရတယ်။ ပြစ်မှုကျူးလွန်ခြင်း မရှိကြသေးသူတွေလို့လည်း သိရပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ကလည်း သံဖြူဇရပ်တပ်နယ်ရှိ တတက (၄) ဝဲကလိခန်းမတွင် အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်တစ်ဦးအား မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံသည့် အခမ်းအနားပြုလုပ်ခဲ့သေးကြောင်း သိရသည်။
Photo- Telegram