ကောင်းဝါ ဇွန် ၂၁၊ ၂၀၂၃။
မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်အမြှောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာရှိ လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ (၁၇) ရက်၊ မွန်းလွဲ (၃) နာရီ (၃၂) မိနစ် အချိန််ခန့်က အမတ (၃၁၈) အဘစ်အမြောက်တပ် မှ ၁၂၀ မမ မော်တာလက်နက်ကြီး (၁) လုံးဖြင့် ပစ်ခတ်ရာ တံခွန်တိုင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တစ်လုံး ပျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “လက်နက်ကြီးကျလို့ ပျက်ဆီးသွားတဲ့အိမ်က အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ မန်းသန်းထွန်း ရဲ့ သမီး နန်းမြင့်သိန်း ရဲ့ နေအိမ်ပါ။ အဲ့ဒီအပြင်ကို ဘေးမှာရှိတဲ့ စောအဖလား အိမ်က ကားတစ်စီးမှာလည်း လက်နက်ကြီးကျည်စတွေထိမှန်ပြီးတော့ ပျက်ဆီးမှုတွေရှိခဲ့ပါတယ်” ဟု ဆိုသည်။
ယခုနှစ်အတွင်း မြန်မာစစ်တပ်လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း ဒေသခံ (၃) ဦးသေဆုံးခဲ့ကာ လူနေအိမ် (၅) လုံးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ ရေးမြို့နယ် ဝယ်ဖယ် အမတ (၃၁၇) အမြှောက်တပ်ပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာတွင် အမျိုးသမီးတစ်ဦးသေဆုံး၊ လူ ၂ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးကြောင်း သတင်းများက ဖော်ပြသည်။
Photo Credit – ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေး။