ကျိုက်မရောမြို့နယ် ကော့ဒူးကျေးရွာအနီးတွင် လှုပ်ရှားနေသော DKBA နှင့် PDF အဖွဲ့အား ယမန်နေ့ ဇွန် (၈) ရက်နေ့ ညနေ (၄) နာရီခန့်က ဝငဲကျေးရွာနှင့် ကော့ဒူးကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ ဒရုန်းနှင့်တိုက်ခိုက်ခဲ့သဖြင့် (၂) ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
DKBA နှင့် PDF အဖွဲ့များ မော်တော်ယာဥ်များအား စစ်ဆေးရေးပြလုပ်နေချိန်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးသီး (၂) လုံးချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဥိးက ပြောကြားသည်။
“DKBA နှင့် PDF အဖွဲ့တွေစစ်ဆေးရေးလုပ်နေတဲ့ ဆီဆိုင်နားကိုတစ်လုံးနဲ့ ကျောက်စက်နားကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အဆိုပါ ထိခိုက် ဒဏ်ရာရသူများကို မော်တော်ယာဉ်ဖြင့်တင်ဆောင်ကာ ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာရှိ DKBA ဗိုလ်အေဝမ်းဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
ကျိုက်မရောမြို့နယ်ရှိ စံပယ်ဂူတံတားအဆင်း ကော့ဒူး လမ်းဆုံမှစတင်ပြီး ကြာအင်းဆိပ်ကြီးအထိ ဗိုလ်အယ်ဆေးဝါးလက်အောက်ခံ PDF အဖွဲ့နှင့် DKBA ဗျူဟာ ၂ ဗျူဟာမှူး ဗိုလ်အေဝမ်းလက်အောက်ခံအဖွဲ့ဝင်များက မော်တော်ယာဥ် သွားလာမှုများကို စစ်ဆေးရေးပြုလုပ်လျှက်ရှိသည်။