တနသႅာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ တောင်သုံးလုံးစခန်းအနီးရှိ လမ်းပိုင်းတစ်နေရာ၌ မေလ ၁၇ ရက် နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်ရန်ပြင်ဆင်နေစဥ် မော်တာစိန်ပြောင်းမတော်တဆ ပေါက်ကွဲမှုကြောင့် KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် တပ်ဖွဲ့ဝင် ၂ ဦးတို့ သေဆုံးကြောင်း KNU သတင်းရင်းမြစ်ဆီမှ သိရသည်။
“ရန်သူကို ပစ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ ၆၀ မမ မော်တာစိန်ပြောင်းကွဲလို့ အစအနတွေထိမှန်ပြီး သေဆုံးသွားတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
ထားဝယ်- မေတ္တာ- ထီးခီး- ထိုင်းနယ်စပ်တစ်လျှောက်တွင် KNU တပ်မဟာ ၄ တပ်ရင်း (၁၀) ၊ တပ်ရင်း (၁၂) တို့ လှုပ်ရှားနယ်မြေသို့ စစ်ကောင်စီ၏ ခလရ (၁၀၄) နှင့် ခလရ (၄၀၅) ပူးပေါင်းလှုပ်ရှားစစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ဝင်ရောက်လှုပ်ရှားလာကြောင်း စုံစမ်းသိရှိရသည်။