ယနေ့ မေလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျိုက္ကသာဘူတာအဝင်တွင် မော်လမြိုင် – ရန်ကုန် အမှတ် ၈၂ အစုန်အမြန်ရထားခေါင်းတွဲ လမ်းချော်ခဲ့ရာ ရထားစက်ခေါင်း နှငိ့ ရိုးရိုးတန်းအတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“ရထားစက်ခေါင်းနဲ့ ရိုးရိုးတွဲကို လမ်းပေါ်ပြန်တင်ဖို့ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထိုဖြစ်စဉ်ကြောင့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်များ ကြန့်ကြာနိုင်ကြောင်း နှင့် ရထားစီးခရီးသည်များ လိုရာခရီးရောက်ရှိနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ကားလမ်းမှသွားရေးလာရေးအခက်အခဲများရှိလာသည့်အတွက်ကြောင့် ရထားစီး ခရီးသည်များတိုးတက်များပြားလာကြောင်းနှင့် ထိုအခြေအနေကြောင့် ရနိကုန် – မော်လမြိုင် ရထားခရီးစဉ်များအား တိုးမြှင့်ပြေးဆွဲပေးထားကြာင်း သိရသည်။