“လူမျိုးတစ်ရပ်၏ အဓိကလက္ခဏာ ဘာသာစ ကားပင်ဖြစ်၏ ။ ကိုယ်ပိုင် ဘာသာစကားမရှိသော လူ မျိုးစုတစ်ခုအနေဖြင့် ရပ်တည်ဖို့ ခဲယဉ်းလှပေသည် ။ လူမျိုးတိုင်း ကိုယ်ပိုင်ဘာသာစကား ရှိသ၍ လူမျိုးတစ် ရပ်အဖြစ် တည်တံ့နိုင်သေးသည်သာဖြစ်၏ ။ ဘာသာ စကားသာ ပျောက်ကွယ်သွားရင် “ ဒါမွန်လူမျိုးဘဲ ၊ ဒါမြန်မာလူမျိုးဘဲ ” ဟု ညွှန်ပြစရာပင် ရှိမည်မဟုတ် ။ ထို့ကြောင့် မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်း မွန်ဘာသာစကားကို သင်ကြားရမည် ။ လေးစားရမည် ။ နေရာတကာ ပြောကြားရပေမည်”
မွန်တွေကို တကယ်တန်း ချစ်တယ်ဆိုရင်
မွန်အသျှင် ကောသလ္လ ( ဘီအေ – ဓမ္မာစရိယ )
(တက္ကသိုလ် မွန်မဂ္ဂဇင်း ၁၉၇၁ – ၁၉၇၂ မှ ဆောင်းပါးကို ကူးယူဖော်ပြသည်)
မွန်အမျိုးအနွယ်တွင်းမှ ပေါက်ဖွါးဆင်းသက်လာ ရသည်ပင် စာရေးသူအနေနှင့် ဂုဏ်ယူစရာတရပ်ဟု ထင် မိပါသည် ။ အကြောင်းသော်ကား မွန်လူမျိုးသည် မွန် ခမာအနွယ်မှ ဆင်းသက်လာသော လူမျိုးကြီးတစ်ရပ်ဖြစ် သည့်ပြင် ဂေါတမ ဘုရားရှင် ပွင့်တော်မူစ အချိန်မှစ၍ ရတနာသုံးပါး လေးစားရမှန်း ၊ တစ်ဦးနှင့်တစ်ဦး ဆက် ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ရမှန်း၊ တစတစသိလာကာ ကိုယ့်မင်းကိုယ့်ချင်း ၊ ကိုယ့်တိုင်းပြည် ကိုယ့်စာပေ ၊ ကိုယ် ပိုင်ယဉ်ကျေးမှုအဆင့်အထိ တိုးတက်လာသောကြောင့် ဖြစ်ပါသည် ။ ဤသို့ခေတ်အဆက်ဆက် ချီတက်ထားလာသော်လည်း စာပေယဉ်ကျေးမှုများ မပျောက်ကွယ်ဘဲ ယ ခုထက်တိုင် တည်ရှိနိုင်ခြင်းမှာ မွန်မျိုးချစ်များဖြစ်ကြသော ဘဘေး ၊ ဘိုးဘီဘင် နောင်တော် ဆွေမျိုးစဉ်ဆက်တို့ ၏ ကျေးဇူးကြောင့်ဟုဆိုလျှင် မှားနိုင်မည်မထင် ။
မွန်ခမာနောက်မှ မြန်မာပြည်ထဲသို့ ဝင်ရောက် လာသော ပျူ ၊ ကမ်းယံ ၊ သက်လူမျိုးတို့မှာ ယခုအခါ ကျောက်စာအ ချို့မှလွဲ၍ လူမျိုးတစ်ရပ်အနေဖြင့် လက်ဆုပ်လက်ကိုင်၊ ပြစရာမရှိလောက်အောင်ပင် ဤနိုင်ငံမှ ဆိတ်သုဉ်းသွားရ သည် ။ ဤသို့လူမျိုးပျောက်ကွယ်ရခြင်းမှာ ငါးကြီးကငါး ငယ်ကိုစား ၊ ငါးငယ်က ပုဇွန်ဆိတ်ကိုစား ၊ ပုဇွန်ဆိတ် က ရေညှိစားသကဲ့သို့ လူမျိုးကြီးတစ်ရပ်က လူမျိုးစု ၊ လူ နည်းစုကို ဝါးမျိုသောကြောင့်၄င်း ၊ လူမျိုးအချင်းချင်း ၊ ရောနှော ဆက်ဆံခြင်းကြောင့်၄င်း ၊ စာပေယဉ်ကျေးမှု ခိုင်ခိုင်မြဲမြဲ မရှိခြင်းကြောင့်၄င်း ၊ မိမိတို့၏ စာပေယဉ် ကျေးမှုထက် တပါးအမျိုးအနွယ်တို့၏ စာပေယဉ်ကျေး မှုကို အထင်ကြီးသောကြောင့်၄င်း ၊ အစရှိသော အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်ပေလိမ့်မည် ။
ဘာသာစကားသည် ပထမ
အမျိုးသားတိုင်း မိမိတို့၏အမျိုး ပျောက်ကွယ်မ သွားအောင် အရှည်တည်တံ့အောင် အမျိုးအပေါ်တွင် သစ္စာရှိရမည် ။ စောင့်ထိန်းရမည့် တာဝန်ကိုယ်စီ ရှိရမည်။ မိမိ၏အမျိုးကို ချစ်ခင်လေးစားရမည် ။ ကမ္ဘာလောက တွင် ဤအမျိုးအနွယ်ကမြတ်သည် ။ ဤအမျိုးအနွယ်က ယုတ်သည်ဟူ၍ အတိအကျတိုင်းတာ၍ ရမည်မဟုတ် ပါ။ မိမိ၏လူမျိုး ဘယ်အခြေအနေရောက်နေစေကာမူ မိမိ၏လူမျိုး ရှေ့တန်းရောက်အောင် တိုးတက်လာအောင် ကြိုး စားရမည်မှာ လူတိုင်းရှောင်ဖယ်၍ မရသော အဓိက တာဝန်တစ်ရပ်ဖြစ်ပေသည် ။
လူမျိုးတစ်ရပ်၏ အဓိကလက္ခဏာ ဘာသာစ ကားပင်ဖြစ်၏ ။ ကိုယ်ပိုင် ဘာသာစကားမရှိသော လူ မျိုးစုတစ်ခုအနေဖြင့် ရပ်တည်ဖို့ ခဲယဉ်းလှပေသည် ။ လူမျိုးတိုင်း ကိုယ်ပိုင်ဘာသာစကား ရှိသ၍ လူမျိုးတစ် ရပ်အဖြစ် တည်တံ့နိုင်သေးသည်သာဖြစ်၏ ။ ဘာသာ စကားသာ ပျောက်ကွယ်သွားရင် “ ဒါမွန်လူမျိုးဘဲ ၊ ဒါမြန်မာလူမျိုးဘဲ ” ဟု ညွှန်ပြစရာပင် ရှိမည်မဟုတ် ။ ထို့ကြောင့် မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်း မွန်ဘာသာစကားကို သင်ကြားရမည် ။ လေးစားရမည် ။ နေရာတကာ ပြော ကြားရပေမည် ။
စာရေးသူတို့ ငယ်စဉ်က အစိုးရစာသင်ကျောင်း တွင်နေရသဖြင့် ကျောင်းမှာ အချင်းချင်း မြန်မာလိုပြောရ အိမ်ရောက်လျှင်လည်း မြန်မာလိုပြောကြသည် ။ အဘိုး လုပ်သူက မြင်ပြင်းကပ်၍ “ အိမ်မှာတော့ ကိုယ့်အချင်း ချင်း မွန်လိုပြောကြပါ ” ဟု မိမိတို့ညီအကိုများကို တိုက် တွန်းခဲ့ဘူးသည် ။ ကလေးဘဝမှစ၍ မိမိဘာသာစကား နှင့် ထိတွေ့မှုမရှိလျှင ် ကြီးကောင်ဝင်လာသောအခါ ပို ဆိုးဘို့သာရှိတော့သည် ။ မိမိဘာသာစကားကို လေးစား ရမှန်းမသိတော့ဘဲ သူများ၏ ဘာသာစကားကိုသာ အ ထင်ကြီးလာပေလိမ့်မည် ။ မိမိလူမျိုး၏ ဘာသာစကား ၊ သားသမီးတို့အား လက်ဆင့်ကမ်းပေးရန် ပုခက်လွဲသော လက်ပိုင်ရှင် မွန်မိဘတိုင်း၏ တာဝန်ပင်ဖြစ်ပေသည် ။
စာပေသည် ဒုတိယ
လူ့ယဉ်ကျေးမှု စတင်ကတည်းက ဘာသာစကား သည် တစ်ဦးနှင့်တစ်ဦး နားလည်အောင် ဆက်သွယ် ရာတွင် ပဓာနကျသော လက်နက်ကိရိယာတစ်ခုပင် ဖြစ် သည် ။ ဘာသာစကားပေါ်ပေါက် ပြီးမှသာ ဘာသာစကားကို မှတ်တမ်းတင်သည့် စာအရေးအသား ပေါ် ပေါက်လာရသည် ။ ဘယ်လူမျိုးတွေမှ စာအရေးအသားက ဦးစွာပေါ်၍ ဘာသာစကား နောက်မှပေါ်သည်ဟူ၍ မရှိပေ ။ လူတိုင်းလူတိုင်း ရှေးဦးစွာ ချိုမိုင်မိုင် သင်လာရသည့်အချိန်မှစ၍ စာသင်ကျောင်းသို့ မရောက် မှီကာလအတွင်း “ ပုဗ္ဗာစရိယ မိ နှင့် ဘ ” တို့၏ လက်ထဲတွင် ဘာသာစကားကို သင်ကြားခဲ့ရသည် ။ ထိုကြောင့် စာပေသည် လူမျိုးတည်တံ့ရေး၏ ဒုတိယမှတ်ကျောက်ဖြစ် ပေသည် ။
ယခုအခါ မွန်အမျိုးသား ၊ အမျိုးသမီးတိုင်း မွန်ဘာသာပြောတတ်သည်ကို ထားဘိဦး ၊ မွန်ဘာသာဖြင့် ရေးတတ် ၊ ဖတ်တတ်ရန် ခပ်ရှားရှားဖြစ်လာသည်မှာ စာရေးသူ အနေနှင့် အလွန်ဝမ်းနည်းမိပါသည် ။ ဤကဲ့ သို့ မွန်ဘာသာကိုသာ ပြောတတ်၍ မရေးတတ် ၊ မဖတ် တတ်ရခြင်းမှာ စာသင်ချိန် အရွယ်ရောက်သည်နှင့် အစိုးရ စာသင်ကျောင်း ပို့ကြသောကြောင့်ပင် ဖြစ်သည် ။ စာ ရေးသူအနေနှင့် မွန်ကလေးငယ်များကို အစိုးရကျောင်းမပို့ရ မ ဆိုလိုပါ ။ သို့သော် အစိုးရကျောင်းမှာနေရင်း မိဘလုပ် သူက အားလျှင်အားသလို သင့်တော်သည့်အချိန်မှာ မွန်စာပေသင်ကြားပေးသင့်သည် ။ မျိုးချစ်စိတ်ဓါတ် သွင်းပေးသင့်သည် ။
စာရေးသူအနေနှင့် အစိုးရ မူလတန်းကျောင်း နေကတည်းက မွန်စာကို ကောင်းကောင်း ရေးတတ် ၊ ဖတ်တတ်နေပေပြီ ။ အကြောင်းမှာ အစိုးရကျောင်းတွင် နေရင်း အဘိုးက ကျောင်းပိတ်ရက် ( အဖိတ် ၊ ဥပုသ် ) ရက်နေ့တိုင်း ဘုန်းကြီး ကျောင်း တက်ခိုင်း၍ မွန်စာသင်စေသည် ။ နွေရာသီကျောင်း (၂) လ ပိတ်ချိန်တွင်လည်း (၂) လလုံးလုံး ဘုန်းကြီးကျောင်းမှာ အချိန်ကုန်ရပြန်သည်။ စာရေးသူအနေနှင့် (၁၂) လပတ်လုံး စာသင်နေရသည်မှာ အလွန်ငြီးငွေ့ခဲ့သည် ။ အဘိုးဖြစ်သူ၏ အမိန့် ပညချက်ကို မလွန်ဆန်ဝံ့ ၊ အဘိုးကို ကြောက်နေရသဖြင့် အစိုးရကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် သံသရာလည် ခဲ့ရသည် ။ အဘိုးကွယ်လွန်သောအခါမှ အမျှော်အမြင် ကြီးသော အဘိုး၏ကျေးဇူးကို ဆပ်၍မကုန်နိုင်အောင် ကြီးမားကြောင်း သိရသည် ။
ကျွန်ုပ်တို့လူမျိုးများမှာ မွန်စာမတတ်လျှင် နေ ရမည် ၊ ဘာသာခြား တရုတ် ၊ ကုလားတို့မှာ အမျိုးသား ကျောင်းအသီးသီးဖွင့်ကာ အချိန်ပိုင်းသော်လည်းကောင်း အချိန်ပြည့်သော်လည်း ကောင်း ၊ မိမိတို့စာပေကို သင်ပေး နေကြသည်။ ထို့ကြောင့် တရုတ်လူမျိုး ၊ ကုလားလူမျိုး တိုင်းလိုလို မိမိတို့၏ ဘာသာစကားကို ပြောတတ်သည့်အပြင် ကောင်းမွန်စွာ ရေးတတ် ၊ ဖတ်တတ်ကြသည်မှာ အတုယူစရာ ကောင်းလှပေသည် ။ မွန်လူမျိုးအနေဖြင့် စာတတ်ရန်ဘုန်းကြီး ကျောင်းကိုသာ အားကိုးရသည် ။ မွန်အမျိုးသားစာသင်ကျောင်းဟူ၍ အသီးအခြားမရှိခဲ့ ဘုန်းကြီး ကျောင်းဆိုရာ၌လည်း ကျောင်းသူများကို လက်ခံ သည်မဟုတ် ၊ ထို့ကြောင့် မွန်စာဖတ်တတ်စရာရှိလျှင် ယောက်ျားများသာတတ်၍ မိန်းမများမတတ်ပဲ ရှိကြရ သည် ။
မွန်ဒေသရှိ အချို့သော မူလတန်းစာသင် ကျောင်း ၌ မွန်စာကို သင်ကြားပေးသည်ဆိုသော်လည်း ထိထိ ရောက်ရောက်မရှိ ၊ မတောက်တခေါက်နှင့်သာ အချိန် ကုန်ခဲ့ရသည် ။ တချိန်က မော်လမြိုင်ကောလိပ်တွင် မွန် ဘာသာကို (Optional Subject ) စိတ်ကြိုက်ဘာ သာရပ်တစ်ခုအနေဖြင့် သင်ကြားပေးခဲ့သော်လည်း နောက် ပိုင်းတွင် “ ဖုတ်လေသည့်ငပိ ၊ ရှိသည်ဟုပင် မကြားမိ တော့ ” အချုပ်အားဖြင့်ဘာသာခြား စာပေကို တတ်သင့်သလို ကိုယ့်စာပေကို မသင်မနေရ ၊ တတ်အောင်သင်ရမည် ။ ဘာသာခြားစာပေကိုတော့ တတ်ပါလျှက် မိမိစာပေကိုတော့ မတတ်ဘူးဆိုလျှင် ရှက်စရာပင် ကောင်း လှသည် ။ သို့သော် ဤရှက်စရာကိုပင် အချို့က ဂုဏ် ယူစရာအဖြစ် ပြောနေသည်ကို ကြားရတိုင်း ၊ စာရေးသူ အနေဖြင့် ဆတ်ဆတ်ခါ နာကျည်းလှသည် ။ မိမိစာပေကိုတော့ ဘယ်နည်းနှင့်မဆို ဆရာကောင်းရှာ၍ တတ် မြောက်အောင် သင်ကြားရပေလိမ့်မည် ။
ယဉ်ကျေးမှုသည် တတိယ
ဘာသာစကားနှင့် စာပေတိုးတက်လေလေ ယဉ် ကျေးမှု မြင့်မားလေလေပင် ဖြစ်သည် ။ ဘာသာစကားနှင့် စာပေကို ကြည့်ကာမျှဖြင့် လူမျိုးတစ်ရပ်၏ ယဉ်ကျေးမှု အဘယ်မျှ အဆင့်အတန်းရှိသည်ကို ခန့်မှန်းနိုင်ပေသည်။ ဘာသာစကားနှင့် စာပေမှာ ယဉ်ကျေးမှု၏ ပင်ရင်းမူလ (သို့မဟုတ် ) အခက်အလက်များဖြစ်သော်လည်း ၄င်းတို့ကို သီးခြား တင်ပြရခြင်းမှာ ၄င်းတို့သည် ယဉ်ကျေး မှု၏ ဝိသေသလက္ခဏာများ ဖြစ်သောကြောင့်ပင် ဖြစ် လေ၏ ။
ယဉ်ကျေးမှုဟုဆိုရာ၌ လူမျိုးတမျိုး၏ ဓလေ့ ထုံးစံ ၊ အသက်မွေးမှု ၊ ဘာသာရေး ၊ နေထိုင်မှု ၊ ဝတ် စားဆင်ယင်မှု ၊ အနုပညာ စသည်ဖြင့် အလွန်ကျယ်ဝန်း လှသည် ။ R, W, Emenson အာဒဗလျူအီမာ ဆင်က “ ယဉ်ကျေးမှု၏အတိုင်းအတာ အစစ်မည်သည် သန်းခေါင်စာရင်းအရ လူဦးရေများခြင်း ၊ နည်းခြင်းမ ဟုတ် ၊ တိုင်းပြည်ပမာဏ ၊ ထွက်ကုန်ပမာဏ လည်းမ ဟုတ် တိုင်းပြည်ကမွေးထုတ်သော လူ၏အမျိုးအစားသာ ဖြစ်၏ ” ဟုဆိုလိုပါသည် ။
မှန်၏ ။ ယဉ်ကျေးမှုသည် သဘာဝလောကကြီး၏ တိုးတက်ပြောင်းလဲမှုကို တိုင်းတာ သည့် ပြဒါးတိုင်ပင်ဖြစ်ပေသည် ။ ခေတ်ဟောင်းယဉ်ကျေး မှုရော ၊ ခေတ်သစ်ယဉ်ကျေးမှုပါ အဆိုးအကောင်း ဒွန်တွဲလျှက် ရှိကြပါသည် ။ ခေတ်ဟောင်း ယဉ်ကျေးမှုတိုင်း ခေတ်မမှီတော့ဟုဆိုပြီး မပြစ်ပယ်သင့်ကောင်းသည်လည်း များစွာရှိသည် ။ ကောင်းသည်ကို ဆက်လက်ထိန်းသိမ်းပြီး မကောင်းသည်ကိုလည်း ပြုပြင်သင့်သလောက် ပြုပြင်ပြီး အသုံးပြုသင့်သည် ။ တိုးတက်သောခေတ်ကြီးနှင့်အမှီဆိုပြီး ရှေ့လောကြီးနေ၍မပြီး ၊ “ အရင်လိုလမ်းအိုလိုက် ” ဆို သကဲ့သို့ လိုက်သင့်သော နေရာတွင် လိုက်ရသည် ။ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင် ” ဟူသကဲ့သို့ ထွင်သင့်သောနေရာ ထွင်ရသည် ။
ဥပမာပြရသော် အနုပညာနှင့် ကဗျာလင်္ကာ ဘက်တွင် အသစ်တည်ထွင်၍ ဖြည့်စွက်စရာများစွာ လို သေးသည် ။ ဤမျှနှင့် ပြည့်စုံမည်ဟူ၍ ကျေနပ်မနေသင့် အနုပညာဆိုရာ၌ အကတေးသီချင်းနှင့် တူရိယာတို့ကို အထူးဆိုလိုသည် ။ တူရိယာဘက်တွင် ဗုံ ၊ မောင်း ၊ ပုလွေ ၊ နှဲ ၊ ပတ္တလား စသည်တို့ကို ဆက်လက်ထိန်း သိမ်းသင့်သလို ခေတ်ပေါ်တူရိယာများဖြစ်သော စန္ဒယား ဘင်ဂျို ၊ မယ်ဒလင် ၊ ဘာဂျာ ၊ အကော်ဒီယံ ၊ ဂီတာ စသည်တို့ကိုလည်း မွန်တူရိယာအတွင်းသို့ မွေးစားသင့် သည်ဟု မြင်သည် ။
အကဖက်၌လည်း ရှေးမွန်နှစ်ပါး သွား ၊ အငြိမ့် စသည်မျှဖြင့် အားရမနေပဲ ခေတ်ပေါ်က ကြိုးကကွက်များကို ပညာရှင်တို့ မွေးထုတ်သင့်သည် ။ တေးသီချင်းအရာတွင် ဆယ့်နှစ်ရာသီသီချင်း ၊ သားချော့ သီချင်း စသည်ဖြင့် အားရမနေပဲ ယခုခေတ်ပေါ် မြန် မာသီချင်းများကဲ့သို့ အတုယူသင့်သောနေရာတွင် အတု ယူ၍ဖွဲ့ဆိုသင့်သည် ။
ကဗျာလင်္ကာအရာတွင် မွန်တို့ သည်မြန်မာတို့ထက် စာပေအရာစောသော်လည်း ရေ ရှည်တွင် မြန်မာတို့နောက်ပြတ်ကျန်ရစ်ခဲ့သည်ကို ဝန်ခံ ရပေမည် ။ မွန်ကဗျာ ၊ လင်္ကာ၌ ဆိုခဲ့ပြီးသော သီချင်း များနှင့် အဓိကအားဖြင့် ဂိုဏ်း ( ၉ ဂိုဏ်း ) ၊ သံပေါက် ၊ လင်္ကာ (၈) လုံးတွဲ စသည်တို့ကိုသာ တွေ့ရသည် ။ မြန်မာတို့ကဲ့သို့ ဒွေးချိုး ၊ တေးထပ် ၊ တျာချင်း ၊ အိုင် ချင်း ၊ အဲချင်း စသောစပ်နည်းများ ဝေဝေဆာဆာမြိုင် မြိုင်ဆိုင်ဆိုင် မရှိကြပဲ ရေနည်းငါးပမာ ဖြစ်နေသည်ကို ပညာရှင်တို့ သတိပြုသင့်လှပေသည် ။ ပြီးနောက် မွန် ကဗျာ့ဥယျာဉ်ကြီး စည်စည်ကားကား ဖြစ်လာရန် မွန်ကဝိစာဆိုတို့သည် မိမိတတ်နိုင်သည့်ဘက်က စိုက်ပျိုး ရေလောင်း ၊ မြေတောင်မြှောက်ပေးသင့်သည် ။ ဆင်ယင်ထုံးဖွဲ့မှု၌ မိမိရိုးရာအတိုင်း ဝတ်စားဆင် ယင်ထုံးဖွဲ့ခြင်းသာလျှင် “ဘယ်မမုန်းနိုင် ၊ စံပယ်ကုံးခိုင် ” ဖြစ်တော့သည် ။
ပေါင်းသင်းဆက်ဆံရေးသည် စတုတ္ထ
မိမိ၏အမျိုးကို စောင့်ထိန်းလိုလျှင် မည်သည့် အမျိုးသား ၊ အမျိုးသမီးကိုမဆို မိမိလူမျိုးအချင်းချင်း နှင့်သာ ထိမ်းမြားမင်္ဂလာပြုသင့်သည် ။ ဘာသာခြားနှင့် ထိမ်းမြားခြင်းမှာ မည်သည့်လူ မျိုးမဆို မလိုလားအပ်သော ကိစ္စတစ်ရပ်သာဖြစ်၏ ။ ထိုကဲ့သို့ လူမျိုးစပ်၍ မွေးဖွါးလာသူတို့မှာ မည်သည့်လူ မျိုးကိုမှ ကိုယ်စားမပြုနိုင် ၊ ပေါက်ဖေါ်လည်းမစစ် ၊ ပန်း သေးသာဖြစ်၍ မွန်တို့အနေဖြင့် “ တလိုင်း “ ( ဣတ လေင် – ဖအေပျက်သား) ဟူ၍ ရှုတ်ချအပ်သော အမျိုး အဖြစ်သို့ ရောက်လိမ့်မည် ။
အချုပ်အားဖြင့် သင်သည ် မွန်အမျိုးသား ၊ အမျိုးသမီးတစ်ဦးဖြစ်၍ “မွန်တွေကို တကယ်တမ်းချစ်တယ်ဆိုရင် ” မွန်ဘာသာစကားကိုပြော မွန်စာကိုတတ်ရန် ၊ သင် ၊ ရေး ၊ ဖတ် မွန်ယဉ်ကျေးမှုချစ် မြတ်နိုး၍ ထိန်းသိမ်းခြင်းဖြင့် မိမိတို့အမျိုးဂုဏ် စောင့် စည်းသင့်ကြောင်း တိုက်တွန်းလိုက်ရပေသည် ။
မွန်အသျှင် ကောသလ္လ ( ဘီအေ – ဓမ္မာစရိယ )