ရာမည မိုးစွေ
(၁၉၇၁-၇၂ တက္ကသိုလ်မွန်မဂ္ဂဇင်း)
ကျွန်ုပ်တိုနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း များ စွာရှိကြောင်း အများအသိဖြစ်ပါသည်၊ ထိုတိုင်းရင်းသားအ သီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များ ရှိကြ သည်ချည်းဖြစ်၏၊ အကြောင်းကြောင်းကြောင့် တိုင်းရင်း သားတို့၏ ယဉ်ကျေးမှူများမှေးမှိန်ခဲ့ကြသည်၊ တချိုသော ယဉ်ကျေးမှူများဆိုလျှင် လုံးဝကွယ်ပျောက်လုနီး ဖြစ်နေ ကြောင်းကိုလည်း ယဉ်ကျေးမှူသုတေသီတို သဘောပေါက် ကြပါသည်၊ အထူးသဖြင့် လူမျိုးစုငယ်(National Minority) တို၏ ယဉ်ကျေးမှူများဆိုလျှင် တော်မဝင် နန်းမထိုက်သည့်ပန်းပမာ အများစု၏လျစ်လျူရှုခြင်းကိုခံ ခဲ့ရသည်။
ဤသည်တို့မှာ ယခုမှဖြစ်လာသည်မဟုတ်၊ ရှေးနှစ် ပေါင်းများစွာကပင် ဖြစ်လာခဲ့ကြသည်၊ ထိုကြောင့်လည်း တပြည်တောင်အတွင်း တိုင်းရင်းသားအချင်းချင်းတို့ကြား ဝယ် ကွာဟမှုမြင့်မားခဲ့ရခြင်းဖြစ်သည်၊ တော်လှန်ရေးအ စိုးရလက်ထက်မှစ၍ ဤကွာဟမှုများကို ပြေလည်ရန် အ ထူးဆောင်ရွက်ပေးပါသည်၊ ပြီးခဲ့သောပါတီညီလာခံကြီး တွင်လည်း ဗိုလ်ချုပ်ကြီးက ဤကိစ္စကို အလေးအနက်ပြော ခဲ့ပါသေးသည်။
ကျွန်တော်တိုသည် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှူ များကို အသီးသီးဖေါ်ထုတ်ကြရမည်၊ ယင်းယဉ်ကျေးမှုများ အနက် ဂီတကိစ္စကို ကျွန်တော်အနည်းငယ်တင်ပြချင်သည် တိုင်းရင်းသားတို့၏ဂီတကိုလေ့လာကြည့်လျှင်- `
၁။ ရိုးရာသီချင်းများ (သီချင်းကြီး) ဟုလည်း ခေါ်ဆိုဆိုသည် (Classical Songs)
၂။ ကျေးလက်ဂီတ (Folk Songs) ဟူ၍ နှစ် မျိုးနှစ်စား တွေ့နိုင်ပါသည်။
အထူးသဖြင့် ကျေးလက်ရိုးရာ ယဉ်ကျေးမှု (Folk Culture) တွင် ကျေးလက်ဂီတသည် အထူးအရေးပါ၏။
တိုင်းရင်းသားဂီတအတွက် ကျွန်တော်တို့ဆောင်ရွက်ရမည့် တာဝန်နှစ်ရပ်မှာ- ၁။ ပြန်လည်ဖေါ်ထုတ်ထိန်းသိမ်းရေးနှင့် ၂။ အမျိုးသားဟန်မပျက်ချဲ့ထွင်စပ်ဆိုရေးတို့ ဖြစ်သည်။
တိုင်းရင်းသားအသီးသီးတို့၏ တေးဂီတ၊ ကဗျာ၊ ပုံပြင်၊ ဝတ္တု စသည်တို့ကို စုဆောင်းတည်းဖြတ်ခြင်း အသံသွင်းမှတ်တမ်းတင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာ စာအုပ် စာတမ်းပြုစုထုတ်ဝေခြင်း စသော လုပ်ငန်းများဖြစ်ပါသည် ။ ( ကျေးလက်တေးဂီတ၊ ကဗျာစုဆောင်းရေးနှင့် အသံသွင်း မှတ်တမ်းတင်ရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသားဌာနစိတ်အနေဖြင့် ၁၉၅၈-၅၉ ခုနှစ်တွင် အစပျိုးခဲ့ပါသည် )
ထိုနည်းတူ အမျိုးသားဟန်မပျက် ချဲ့ထွင်ရေးသည် လည်း ပို၍အရေးကြီးပါသည်။ ဂီတစကားဖြင့် (Extend) ဟုခေါ်ဆိုရမည် ထင်ပါသည်၊ တိုင်းရင်းသားအသီးသီး၏ ဂီတဟန်( Style)ကိုယူ၍ ခေတ်နှင့်လျော်ညီစွာ ရေးစပ် သီကုံးရန်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် တိုင်းရင်းသားဂီတ ပြန်လည်စည် ပင်ရေးအတွက် ရည်ရွယ်၍လက်လှမ်းမှီသမျှ မွန်ဂီတမိတ်ဆက်ကို တင်ပြပါမည်။
မွန်လူမျိုးတိုင်းသိသော နှစ်ချိုက်စွာကြည့်တတ်သော ပွဲတခုမှာ သၟာဒွက် ခေါ်သော သီချင်းဆိုပွဲ ဖြစ်ပါသည်၊ ယင်းပွဲတွင် သုံးသောဂီတမှာ မွန်တို၏အနုပညာလောကတွင် ထင်ရှားသော ဂီတများဖြစ်သည်၊ မင်းသမီးနှင့်မင်းသား (သိုမဟုတ်) လူရွှင်တော်တို့ ကရင်းသီဆိုရသော နှစ်ပါးသွား တေးဟုလည်း ဆိုနိုင်ပါ၏၊ သၟာဒွက် ပွဲတွင် တေးသွားတခုကို ထပ်တလဲ လဲ သီဆိုတီးမှုတ်ခြင်းဖြစ်သည်၊ သို့သော်လည်း အကြောင်းအရာမှာ ဉာဏ်ရှိသမျှရေးတတ်ကြသည်၊ တစ်ခါတစ်ရံ သီဆို နေသူမင်းသားမင်းသမီးများက လက်တမ်းရေးစပ်ကာသီဆို တတ်သည်။
ကျွန်တော်မိတ်ဆွေ မြန်မာလူမျိုး ဂီတဆရာတစ်ဦးက တေးသွားတစ်ခုကို ထပ်တလဲလဲသီဆိုတီးမှုတ်ခြင်း (INFINITS) ဖြင့် ပရိသတ်အဖို့ ပျင်းစရာမကောင်းဘူးလားဟု ပြောဖူးပါသည်၊ ကျွန်တော်တို့အမြင်တွင် သၟာဒွက် ကို ပရိသတ်တို့ ကြည့်ရပျင်းသည်မရှိ၊ ကြီးငယ်မရွေး တပြုံး ပြုံးနှင့် နှစ်ချိုက်ကြပါသည်။
ယင်းဂီတပွဲတွင်ပါဝင်သော တူရိယာများမှာ ( ဒြဝ် )ဟုခေါ်သော မွန်တယော (မြန်မာ တို့ အခေါ်တယော ဟူသောဝေါဟာရမှာ ယင်းမွန်တို၏ ဒြဝ် ဟူသောစကားမှ ဆင်းသက်လာခြင်းဖြစ်သည်)၊ မိကျောင်း၊ ဗုံနှင့်ပြွေကြီးတို့ ဖြစ်ပါသည်၊ ဗုံမှာနှစ်လုံးထဲဖြစ်ပင် စည်ကား စိုပြေစွာ တီးနိုင်ကြသည်၊ တေးသွားတူသော်လည်း အကြောင်း အရာများ၏ ဆန်းသစ်ခြင်း၊ ရွှင်မြူးဖွယ်ရာဟာသများပါဝင် ခြင်း၊ တူရိယာ၏စိုပြေခြင်း၊ မင်းသမီး၊ မင်းသားတို့၏ ပြောဟန်ဆိုဟန် အသက်ပါခြင်းတို့ကြောင့် ပရိသတ်တို့ကို ဆွဲဆောင်နိုင်ခြင်းဖြစ်ပါသည်၊ သီချင်းသီဆိုနေခြင်းကပင် မင်းသားသိုမဟုတ် လူရွှင်တော်က မင်းသမီးနား ရစ်သီရစ် သီ မထိတထိလုပ်လာလျင် ပရိသတ်တို့က တအုံးအုံးဖြင့်ဆူ ညံစွာ သြဘာပေးတတ်ကြသည်၊ ယင်း (သၟာဒွက်) ကိုမွန် အငြိမ့်ဟုလည်း ခေါ်နိုင်ပါသည်၊ မွန်အငြိမ့်လောကတွင် မ သိသူမရှိ ထင်ရှားကျော်ကြားလာသော မွန်မင်းသမီးတစ် ဦးမှာ မစိန်ငုံ(ဟင်္သာစိန်) ဖြစ်ပါသည်၊ ယခုအသက်ကြီးလာ ၍ မကမဆိုနိုင်တော့ပြီ။
မွန်တို့၏ဂီတတွင် တခါတရံဖွဲစည်းပုံ ဆန်းပြားသည် ကို တွေ့ရသည်၊ ၁၉၆၉ ခုနှစ် နွေရာသီတွင် ကျွန်တော်သည် မွန်ဂီတသုတေသနအတွက် ရေးမြိုနယ်ကျေးရွာအနှံအပြား သို့ ရောက်ခဲ့သည်၊ ကော့ဒွတ်ရွာတွင် မင်းပန်းစိန်နှင့် တွေ ဆုံခဲ့ရသည်၊ သူသည်ယဉ်ကျေးမှူစိတ်ဝင်စားသော ၁ဝတန်း ကျောင်းသား မွန်လူငယ်တစ်ဦးဖြစ်၏၊ သူကကျွန်တော်တို့ ခေတ်ဟောင်း မွန်တေးတစ်ပုဒ်ဆိုပြပါသည်၊ ယင်းတေးတွင် မွန်တို့၏ ဂီတဟန်များပါသည်ကို သတိပြုမိသည်၊
XXXXXX
ယင်းသီချင်းတွင် အပိုဒ် ၃ ပိုဒ်ပါရှိရာ ပထမ ၂ ပိုဒ်မှာ တျာသံမှန်ဖြင့် ဖွဲစပ်ထားသော်လည်း တတိယအပိုဒ်တွင် တျာသံမှ ၄င်း၏အမှတ် ၄ ဒီဂရီသို့ပြောင်းသွားပြီး မူရင်းတျာသံသို့ ပြန်မလာဘဲ ယင်းအမှတ် ၄ ဒီဂရီအသံနှင့်ပင် အဆုံးသတ် သွားသည်ကိုတွေရသည်၊ တနည်းအားဖြင့်ဆိုလျင် (TONIC) မှ (SUDOMINANT) သို့ ပြောင်းလဲအဆုံးသတ်သွားခြင်း ဖြစ်သည်၊ တတိယအသံပြောင်းလဲသွားသောတေးသွားမှာ အောက်ပါအတိုင်းဖြစ်သည်-
XXXXXXXXXX
သီချင်းမှာ မွန်တို၏သမိုင်းကြောင်းတစ်ခုကို သရုပ် ဖေါ်ထားခြင်းဖြစ်သည်၊ ဆောင်းပါးရှည်မည်စိုး၍ စာသား ကိုချန်လှပ်ခဲ့ပါသည်၊
အထက်ပါတေးကို မွန်တို့ပတ္တလားဖြင့်တီးသောအခါ သံမှန်(စီ)ဖြင့်သာ တီးကြသည်၊ အကယ်၍ (၅)ပေါက် ( F ) ဖြင့်တီးပါက အသံပြောင်းသွားသောအခါ ပတ္တလားတွင် ( F )၏ စတုတ္ထဒီဂရီ ၂ ပေါက်ခွဲ(B ALAT )မရှိသော ကြောင့်ဖြစ်၏၊ ( ပတ္တလား ဟူသောစကားမှာ မွန်တို၏ “ဗါတ်ကလာ”ဟူသောစကားမှဆင်းသက်လာသည်၊ ဗါတ် တူရိယာ၊ ကလာ-သေတ္တာ၊ သေတ္တာတွင်ထည့်၍တီးရသော တူရိယာဟု အဓိပ္ပါယ်ရသည်)။
မွန်တို၏ကျေးလက်ယဉ်ကျေးမှုတွင် ထင်ရှားသော ဂီတတစ်ခုမှာ ၁၂ ရာသီဘွဲ့သီချင်းပင် ဖြစ်ပါသည်၊ မွန်ယဉ် ကျေးမှုဌာနမှ စာအုပ်များထုတ်ဝေခဲ့သော်လည်း မပြည့်စုံ သေးပါ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့်အတိုင်း အမျိုးမျိုးသီ ဆိုကြသည်၊ ယင်းသီချင်းတွင် တောတောင်ရေမြေရာသီတို ၏ သဘာဝအလှ ကျေးလက်လုပ်ငန်းဂွင်နှင့် မောင်မယ် မေတ္တာဘွဲတို့ကို လှပသောစကားလုံးများဖြင့် ရေးစပ်ထားပါ သည်၊ သီဆိုဟန်လည်းအမျိုးမျိုးရှိပါသည်၊ များသောအား ဖြင့် စည်းဝါးမရှိဘဲ လွတ်လပ်စွာ သီဆိုတတ်ကြသည်၊ ( မြန်မာခွန်းတောက်ဆိုဟန်နှင့်ဆင်တူပါသည်)။
တေးသွားမှာအောက်ပါအတိုင်းဖြစ်သည်- ဝါဆိုလ ဘွဲနှင့်ဥပမာပြထားသည်၊ ဆောင်းပါးရှည်မည်စိုး၍သီဆိုဟန် သဘောကိုသိရန် တေးသွားတစ်ပိုဒ်ကိုသာ ပြထားပါသည်၊ ယင်းသီချင်းကိုပင် စည်းလွတ်ဝါးလွတ် မဟုတ်ဘဲ စည်းဝါးအတည်တကျသတ်မှတ်၍ တူရိယာများဖြင့် တီး လျှင် အောက်ပါအတိုင်းဖြစ်လာသည်၊
XXXXXXXX
ယင်းသီချင်းများကို ညချမ်းခါလူပျိုလူရွယ်များ လမ်း တကာလှည့်၍ တပင်တိုင်(SOLO)အဖြစ်သီဆိုကြသည်၊ ကောင်းစွာဆိုတတ်လျင် လွမ်းဆွတ်ဘွယ်ရာကောင်း၏၊ ရှေး မွန်သီချင်းစစ်စစ်ဆိုလျင် အလွမ်းသံအနည်းနှင့်အများ ပါတတ် သည်၊ အလွမ်းဆက်နွယ်သောတေးများ ဟု ဆိုနိုင်ပါသည်၊ မဟာဂီတဝင်ဖြစ်သော ကောင်းကြီးသင်္ခါ၊ စိန်ခြယ်ညီလင်း စသည်တို့မှာ အဆင့်မြင့်သောဂီတများဖြစ်သည်ကို ဂီတဆ ရာများက မိန့်ဆိုကြပါသည်။
ကျွန်တော်မန္တလေး ပန်တျာ ကျောင်းတွင် ဂီတပညာသင်ခဲ့စဉ်က ပန်တျာသင်ရိုးညွှန်း တမ်းတွင် မွန်သံနှစ်ပိုဒ်သာ ထည့်ထားသည်ကိုတွေရသည်။ မြဝတီမင်းကြီးရေး( သာဆန်းရဂုံဗွေ) ပတ်ပျိုးနောက် ဆုံးပိုဒ်( အိုမယ်မောင်သံစာစာ၊ ကျူးလာဖွဲဖေါ်ခြင်းနွဲ) အသီး သီးသောတီးကွက်နှင့် ပပငယ်လေဝင်းဝင်းပတ်ပျိုး၊( သူဇာ ထင်ရိုးမှား) အပြီး တီးသောတီးကွက်တို့မှာ မွန်သံဟုခေါ် ကြသည်၊ စင်စစ်ယင်းတီးကွက်မှာ မွန်တို့ သီချင်းဆိုရာတွင် သုံးသော အကူးအပြောင်းစကားလုံး ဆိုဟန်မှ အထက်ပါ ပတ်ပျိုးများ၏ ကြားတီးကွက် (INTERLUDE) အဖြစ် ပြောင်းလာသည်ဟု ကျွန်တော်ထင်ပါသည်၊
(ကျွန်တော် ၏အထင်မျှသာဖြစ်သည်)၊ ပညာရှိများဆုံးဖြတ်ကြပါကုန်၊ မွန်တို့ဆိုသောစာသားမှာ (အို လေနာဲတံ ဟိုဲ) ဖြစ်သည်၊ ယင်းတေးသွားမှာအောက်ပါအတိုင်းဖြစ်၍ အထက်ပါပတ် ပျိုးများနှင့် အတော်တူပါသည်။
XXXXXXXXX
ဤသည်တိုမှာ ကျွန်တော်လက်လှမ်းမှီသမျှ တင်ပြ လိုက်ခြင်းဖြစ်ပါသည်၊ တနည်းအားဖြင့်မွန်ဂီတအကြောင်း ကို မိတ်ဆက်တင်ပြလိုက်ခြင်းဖြစ်သည်၊ မွန်အပါအဝင်တိုင်း ရင်းသား ဂီတများမှာ လွယ်သော စင်းသော သီချင်းများချည်း မဟုတ်ပါ၊( ဇာတ်သၟိင်မြာ်ထဝ် ) သီချင်းတွင် မုဆိုးကျော့ကွင်းထောင်စဉ် (VIVACE)ဖြင့် ဆက်စပ်ရေးထား၍ ဥဒေါင်း မင်းကိုမိသောအခါ (LENTO)သို့ အလွမ်းသံများသုံးလျက် ကူးပြောင်းသွားသည်ကို တွေရ၏၊ မွန်ဂီတဆရာ တစ်ဦး တယောဖြင့်တီးပြဘူးသော (ညံင်ရရင်ရံင်) သီချင်းတွင်ကား အစအဆုံး (STACCATO)ခေါ် သံပြတ်များကို ဆန်းကျယ် စွာသုံးထားသည်ကို တွေ့ရသည်။
အချုပ်အားဖြင့်ဆိုရလျင် မွန်ဂီတတွင် လွယ်ကူသော တေးများရှိသလို ခက်ခဲသောတေးများလည်းရှိသည်၊ လွယ် ကူစွာတီးနိုင်သောသီချင်းများရှိသလို အဆင့်မြင့်သော ဂုဏ် မြောက်တီးကွက် (ADVANCED ONE IN ACCOMPLISHED STYLES) များဖြင့် တန်ဆာဆင်သော ဂီတများလည်းရှိပါသည်၊ မျိုးကောင်းပန်းနှင့် တူသော် လည်း ပြုစုယုယမျကင်းဝေးခဲ့သဖြင့်သာ ရနံ ့မမွှေး အသွေး မလွင်ဖြစ်ခဲ့ရသည်၊ ဤအဖိုးတန်အမွေအနှစ်များကို ဖေါ် ထုတ်ထိန်းသိမ်းကြပါစို။
မှတ်ချက်။ ကျွန်တော်သည်ဂီတဆရာတစ်ဦးမဟုတ်ပါ ဤဆောင်းပါးပါသင်္ကေတများရေးသားမျှ မှားယွင်းပါကကျွန်တော်၏အပြစ်သာဖြစ် ကြောင်းနှင့်ခွင့်လွှတ်ပါရန် တောင်းပန်ပါ သည်။
ရာမည မိုးစွေ (၁၉၇၁-၇၂ တက္ကသိုလ်မွန်မဂ္ဂဇင်း)
XXXXXX နေရာများအတွက် မူရင်းစာမူရှာမတွေ့ပါသဖြင့် သကေႅတတီးကွက်များ မဖော်ပြနိုင်ခဲ့သည်ကို နားလည်ခွင့်လွှတ်စေလို။(အယ်ဒီတာ)