မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့နှင့် တောင်ညို စစ်ကြောင်း (KNLA+PDF) ပူးပေါင်းအဖွဲ့တို့မှ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းခွဲရှိ သက္ကော့ဂိတ်အား လက်လုပ်ဒရုန်းဗုံးသီး(၂)လုံးဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတစ်နာရီခွဲခန့်အချိန်က ပစ်ချတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ (၃) ဦးသေ (၂) ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ဒရုန်းဗုံးသီးဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့်လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်အခြေစိုက် အမတ (၃၁၅) အမြှောက်တပ်မှ လက်နက်ကြီးဖြင့်လည်းကောင်း ရမ်းသမ်းပစ်ခတ်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာသေဆုံးမှု မရှိခဲ့ပေ။
အလားတူ မတ်လ (၁၅) ရက်၊ နေ့လယ်ပိုင်းက NMSP (AD) နှင့် KNU တပ်မဟာ (၆) ပူးပေါင်းစစ်ကြောင်းမှ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်တပ်စခန်းကို ဝင်ရောက်ခိုက်ရာမှ နာရီဝက်နီးပါးကြာမျှ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သို့ရာတွင် ထိခိုက်သေဆုံးမှုမရှိခဲ့ပါ။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) သည် ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်ဒေသ (၄) ခုခွဲ၍ လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။
Photo- NMSP (AD)
Crd- တောင်ညိုစစ်ကြောင်း