မွန်ပြည်နယ်အတွင်း (၂၀၂၃ – ၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေသူဆို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၇၀၀) ကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရင် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ (၆၀၁၅) ဦးရှိခဲ့ပြီး ယနေ့မတ်လ (၁၁) ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာစာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူပေါင်း (၅၇၆၇) ဦးရှိခဲ့ပြီး ပျက်ကွက်သူ (၂၄၆) ဦး ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မွန်ပြည်နယ်အတွင်းမှာ တချို့မြို့နယ်တွေမှာဆိုရင် စာစစ်ဌာနတစ်ခုတည်းဘဲ ထားရှိတယ်လို့သိရတယ်။ အဓိကကတော့ စာမေးပွဲဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က မနှစ်ကလည်း (၆၀၀၀) ဝန်းကျင်ဘဲ ရှိခဲ့သလို၊ ဒီနှစ်မှာလည်း စာမေးပွဲဖြေဆို (၆၀၀၀) ဝန်းကျင်ဘဲ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ မတ်လ (၁၁) ရက်နေ့တွင် မြန်မာစာဖြေဆိုသည့်နေ့တွင် ကျိုက်ထိုမြို့နယ် (၄၆၁) ဦး၊ ဘီးလင်းမြို့နယ် (၃၉၃) ဦး၊ သထုံမြို့နယ် (၄၅၉) ဦး နှင့် ပေါင်မြို့နယ် (၄၃၀) ဦးဝင်ရောက်ဖြေဆိုခဲ့သည်။
ထို့အတူ မော်လမြိုင်မြို့နယ် (၁၄၄၈) ဦး၊ ချောင်းဆုံမြို့နယ်(၄၄၇) ဦး၊ ကျိုက်မရောမြို့နယ် (၃၀၃) ဦး၊ မုဒုံမြို့နယ် (၇၄၈) ဦး၊ သံဖြူဇရပ်မြို့နယ် (၆၂၅) နှင့် ရေးမြို့နယ် (၄၅၃) ဦး စုစုပေါင်း (၅၇၆၇) ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။
(၂၀၂၂ – ၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်အတွင်း စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၂၂၀) ဦး အနက်မှ မြနမာစာဖြေဆိုသည့်နေ့တွင် (၅၇၆၈) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။