မြန်မာ – ထိုင်း – တရုတ်နိုင်ငံတို့ပူးပေါင်းပြီး မြဝတီနယ်နယ်အတွင်း ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အား (၁၅၀) ဦးနေရပ်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းဘက်မှ လာသည့် သတင်းများအရ သိရသည်။
ယမန့်နေ့ ဖေဖော်ဝါရီ (၂၉) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်မှ တဆင့်တရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
မြဝတီမြို့ယ်အတွင်းရောက်ရှိနေသောတရုတ်လူမျိုးများထဲမှ( ၉၇၇) ဦးမှာ နေရပ်ပြန်လိုကြောင်း လာရောက်ဆက်သွယ်လာသဖြင့် ယင်းတို့ထဲမှ ပထမအသုတ်အနေဖြင့် (၁၅၀) ဦးအား ပြန်ပို့ခြင်းဖြစ်သည်။
(၃) နိုင်ငံအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြ၀တီမြို့နယ်အတွင်း ကျန်ရှိနေသူများကို ယနေ့ မတ်လ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ တစ်ရက်လျှင် (၃) ခေါက်နှုန်းဖြင့် မဲဆောက်လေဆိပ်မှ တရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။
တရုတ်နိုင်ငံသားများပြန်လည်ပို့ဆောင်နေသော်လည်း လက်ရှိတွင် မြဝတီမှရွှေက္ကိုသို့နေစဉ် တရုတ်လူမျိုး ၅၀၀ ခန့်ဝင်ရောက်လျှက်ရှိသည် ဟု တရုတ်လူမျိုးများအားပို့ဆောင်ပေးနေသူများထံမှသိရှိရသည်။
Photo-ကရင်အမျိုးသားမီဒီယာ