မြန်မာနယ်စပ် (၂) နေရာမှ ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၂၀) ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘက်သတင်းများအရ သိရသည်။
ဖေဖေါ်ဝါရီလ (၁၈) ရက် ညနေပိုင်းက ထော့ဆောင်ယန်မြို့နယ်၊ မဲ့ဆောင်ရွာ၌ စစ်ဆေးရေးဂိတ်အား ဖြတ်သန်းမောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာမှ ယာဉ်ပေါ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၃) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုသည်။
အလားတူ ချွန်ဖွန်ခရိုင်၊ ဖတို့မြို့နယ်၊ ပါ(က်) စုံကျေးရွာရှိ စစ်ဆေးရေးဂိတ်အား ဖြတ်သန်းမောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား ထိုင်းအာဏာပိုင်များက ရပ်တန့်စစ်ဆေးခဲ့ရာတွင်လည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၇) ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးမှုအတွင်း ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးကလည်း ပါဝင်ကြောင်း နှင့် ဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့ လွှဲပြောင်းကာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့် အမှုဖွင့်အရေးယူသွားရန် ဆောင်ရွက်နေကကြောင်း ထိုင်းသတင်းဌာနများက ဖေါ်ပြသည်။