July 27
စင်ကာပူနိုင်ငံ၌ ဘိန်းဖြူမှောင်ခိုကူးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဒေသဆိုင်ရာအခွင့်အရေးအဖွဲ့အစည်း Transformative Justice Collective (TJC) တရားရုံးက သေဒဏ်အမိန့်ချမှတ်ထားပြီး ကြိုးစင်တင်ရန်စီစဉ်ထားကြောင်း သိရသည်။
စင်ကာပူတွင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မူးယစ်ဆေးဝါး ရောငင်း ဝယ်ဖောက်ကားမှုဖြင့် ပြစ်ဒဏ်ကျခံနေရသော Saridewi Djamani ဆိုသူ အမျိုးသမီးတစ်ဦးကို သေဒဏ်ပေးသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုက အခိုင်အမာပြောကြားခဲ့သည်။
Saridewi သည် ဘိန်းဖြူ ၃၀ ဂရမ် မှောင်ခိုကူးမှုဖြင့် ၂၀၁၈ ခုနှစ်တွင် သေဒဏ်ကျခံရန် စီရင်ချက်ချမှတ်ခံထားခဲ့ရပြီး မနက်ဖန် ဇူလိုင် ၂၈ ရက် သောကြာနေ့တွင် ကြိုးပေးသတ်စီရင်တော့မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
အကယ်၍ ကြိုးမိန့်တကယ်စီရင်ဖြစ်ပါက Saridewi သည် စင်ကာပူ၌ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် အမျိုးသမီးဖြစ်လာမည်။
အခြားအကျဉ်းသားတစ်ဦးမှာ ၅၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဘိန်းဖြူ ၅၀ ဂရမ် မှောင်ခိုကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး ဇူလိုင်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကြိုးစင်တင်ခဲ့ကြောင်းသတင်းထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးပေ။
Source; The Times.