Kawao News- ဧပြီ (၂၁)

ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့နယ်အတွင်းက မော်ဖားသူး စစ်ကောင်စီဗျူဟာကုန်းအား ဧပြီ ၁၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တို့ ပူးပေါင်းကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU နဲ့ နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သုံးနေ့မြောက်ဖြစ်သောတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံအများစု ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘက်သို့ စစ်ရှောင်အဖြစ် ထွက်ပြေးခဲ့ကြပြီး ယင်းထဲမှ ၂၅၀ ခန့်ကို မယ်ရာမတ်ခရိုင်ရှိ ဟွိုင်ပလာကောင်ကျောင်းတိုက်တွင် ခိုလှုံခွင့်ပေးခဲ့ကြောင်း Khaosod သတင်းအရ သိရှိရသည်။
လက်ရှိတွင် မြန်မာစစ်ဗျူဟာစခန်းကျသွားပြီ ဖြစ်သည့်အတွက် အဆိုပါစစ်ဘေးရှောင်များ နေရပ်ပြန်သွားကြပြီဟု သိရသည်။
KNU ထုတ်ပြန်ချက်အရ၊ လက်ရှိတွင် ကရင်ပြည်နယ်အနှံ့အပြားတွင် စစ်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်က အရပ်သားများအပါအဝင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ရှောင်နေထိုင်ရာနေရာများကိုလည်း လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်ဟု ဖော်ပြထားသည်။
Crd- နေရပ်ပြန်စစ်ဘေးရှောင်များအား ထိုင်းလုံခြုံရေးက အကူအညီပေးခဲ့စဥ်- Khaosod English