မော်လမြိုင် – ဧပြီ ၁၈

မော်လမြိုင်အချုပ်ထောင်၌ ပြစ်ဒဏ်လျှော့ခွင့်ရရှိသော ဘင်္ဂါလီ ၁၂၅ ဦးအား လဝက၏အမိန့်ဖြင့် ပြန်လည်ထိန်းသိမ်းထားကြောင်း နီးစပ်သူများက Kawao News သို့ ပြောကြားသည်။
နီးစပ်သူတစ်ဦးက “ထောင်ကနေ လွတ်မြောက်ခွင့်ရတဲ့ ဒီဘင်္ဂါလီတွေကို ဘာကြောင့် ပြန်ထိန်းသိမ်းရတာလဲ မသိရဘူး။ ရခိုင်ပြည်ကို သဘေႅာတွေနဲ့ ပြန်ပို့ဖို့လားဆိုတာလည်း မသိပါဘူး။ လောလောဆယ် လဝကအမိန့်နဲ့ ထပ်မံထိန်းသိမ်းထားတယ်လို့ပဲ သိရတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၅ အရ ယမန်နေ့ ဧပြီ ၁၇ ရက်တွင် ပြစ်ဒဏ်လျှော့ခွင့် ချမှတ်ခဲ့ရာတွင် မွန်ပြည်နယ်အကျဉ်းထောင်များမှ ပြစ်ဒဏ်လျှော့ခွင့်ရသူ ၅၁၃ ဦးအနက် မော်လမြိုင်အချုပ်ထောင်မှ ဘင်္ဂါလီကျား ၈၆ ဦး၊ မ ၃၉ ဦး စုစုပေါင်း ၁၂၅ ဦးအား ထပ်မံထိန်းသိမ်းခြင်း ဖြစ်သည်။
မွန်မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်ဖြစ်သော ဧပြီ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ခွင့်တရားဝင်အမိန့်အရ အကျဉ်းသား ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား ၁၃ ဦးအား စစ်ကောင်စီမှ လွတ်မြောက်ခွင့်ပေးခဲ့သည်။