ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာမှ အသက် ၄၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ဧပြီလ ၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က ရင်းငြိမ်တံတားကြီးအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ပြီး၊ ဖမ်းဆီးခံရသူမှာ ကျေးရွာသား ဦးငြိမ်းမျိုးဦး ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးရာတွင် လက်နက်ကိုင်အဖွဲ့ဟာ ကားနဲ့ရောက်ရှိလာပြီး ဦးငြိမ်းမျိုးဦးကို သထုံမြို့နယ် ဝင်းစိန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့သလို၊ သူ့ဆိုင်ကယ်ကိုပါ ယူဆောင်သွားကြောင်း သိရပါတယ်။
ထူးခြားတာက ယခုနှစ် မတ်လကလည်း ဦးငြိမ်းမျိုးဦး၏ ညီဖြစ်သူ မောင်ဝင်းထွန်းဟာ မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ဖူးကြောင်း ဒေသခံများက ဆိုပါတယ်။
အခုအချိန်အထိ ဖမ်းဆီးခံရသူနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။