ထိုင်းနိုင်ငံ၊ ထောင်ဖာဖွန်မြို့ (Thong Pha Phum)၌ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ သင်္ကြန်ကာလအတွင်း တရားမဝင်လမ်းကြောင်းမှ နေရပ်ပြန်လာသူများနှင့် လိုက်လံပို့ဆောင်ပေးနေသည့် ကားမောင်းသူအပါအဝင် စုစုပေါင်း ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထား မရှိကြသည့် မြန်မာအလုပ်သမား ၄ ဦးနှင့် ၎င်းတို့အား ကန်ချနပူရီမြို့ (Kanchanaburi) မှ စံခလပူရီမြို့ (Sangkhla Buri) သို့ လိုက်လံပို့ဆောင်ပေးနေသည့် ကားမောင်းသူ ၁ ဦး ပါဝင်ပါသည်။
၎င်းတို့အား ထောင်ဖာဖွန်မြို့ရှိ သုံးလမ်းဆုံဂိတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်များအရ ဤအလုပ်သမားများသည် ယခင်က သဘာဝနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသများသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး သကြႅာန်ပွဲတော်ကာလတွင် မိသားစုများနှင့် ပြန်လည်ဆုံဆည်းရန် ရည်ရွယ်၍ ပြန်လာကြခြင်းဖြစ်သည်။
၎င်းတို့သည် စံခလပူရီမြို့အထိ လူတစ်ဦးလျှင် ထိုင်းငွေ ၁,၅၀၀ (ဘတ်) ဖြင့် ကားငှားကာ ပြန်လာခဲ့ကြခြင်းဖြစ်ပြီး လမ်းခရီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။