သင်္ကြန်ရက်တွေမှာ ရိုးရာဓလေ့တွေနဲ့အညီ ပျော်ရွှင်စွာ ကျင်းပဖို့ စံခလပူရီ-Sangkhlaburi အာဏာပိုင်အဖွဲ့နဲ့ Tourism Business Club ခရီးသွားလုပ်ငန်းအသင်းတို့ ပူးပေါင်းပြီး “အရက်မသောက်ရဇုန်” သတ်မှတ်ကာ ဘေးကင်းတဲ့ ထိုင်းရိုးရာသင်္ကြန် ပွဲတော်ဖြစ်အောင် စီစဉ်ထားပါတယ်။
စံခလပူရီ အမှတ်(၁) ရက်ကွက်ရှိ ဝပ်စီလို့ခေါ်ကြတဲ့ “Wat Sri Suwan” မှာ ဧပြီ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အရက်ကင်းစင်တဲ့ သင်္ကြန်ပွဲတော် သတင်းစာရှင်းလင်းပွဲကို Phorn Pailin Riverside Resort မှာ ယမန်နေ့ ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့တာပါ။
ခရိုင်အုပ်ချုပ်ရေးမှူး Mr. Suriyasak Muean-Uam၊ ခရီးသွားလုပ်ငန်းအသင်း ဥက္ကဋ္ဌ Dr. Natthisinee Sangeu ၊ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ရိုးရာကို မြတ်နိုးပြီး ဘေးကင်းတဲ့ သင်္ကြန်ဖြစ်ဖို့ အားလုံးဝိုင်းကြိုးစားကြမယ်!”
“ထိုင်းရိုးရာဓလေ့တွေကို ထိန်းသိမ်းဖို့” “အရက်နဲ့မူးယစ်ဆေးကင်းစင်တဲ့ ဘေးကင်းရေကစားဇုန်” ဖန်တီးဖို့နဲ့ “ပျော်ရွှင်စရာသင်္ကြန်ပွဲ” ဖြစ်အောင် ဆွေးနွေးခဲ့ကြပါတယ်။
ဒီနှစ်သကြႅာန်ပွဲမှာ ဘာတွေလုပ်မလဲ? သံဃာတော်များအား ဆွမ်းလောင်းခြင်း၊ ဆုတောင်းခြင်း
ရိုးရာရေကစားခြင်း၊ သက်ကြီးရွယ်အိုများအား ရေသွန်းလောင်းခြင်း
သဲစေတီတည်ခြင်း၊ ရိုးရာအားကစားပြိုင်ပွဲများ
ဂီတနဲ့ ရိုးရာအက ဖျော်ဖြေပွဲများ
“သင်္ကြန်ရိုးရာအက စောင့်ထိန်းကြ၊ အရက်/မူးယစ်ဆေး ရှောင်ကြဉ်ကြ”
ဒီနှစ်မှာ စံခလပူရီက သင်္ကြန်ဟာ ရိုးရာဓလေ့တွေကို ဂုဏ်ယူစွာထိန်းသိမ်းဖို့၊ အရက်ကင်းစင်တဲ့ ပွဲတော် ဖြစ်ဖို့နဲ့ အားလုံးအတွက် ပျော်ရွှင်စရာ ဖြစ်အောင် စီစဉ်ထားပါတယ်။
အတူတူ ပူးပေါင်းပါဝင်ကြမယ်! ရေကစားဧရိယာတွေကို ဘေးကင်းအောင် ထိန်းသိမ်းမယ်။
အရက်နဲ့ မူးယစ်ဆေးဝါး ကင်းစင်မယ်။
ရိုးရာဓလေ့တွေကို မြှင့်တင်မယ်။
ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်။
“သင်္ကြန်ကို ရိုးရာအတိုင်း ပျော်ရွှင်စွာ ကျင်းပကြမယ်!”
အားလုံးပါဝင်ပြီး ဘေးကင်း၊ ပျော်ရွှင်၊ အရက်ကင်းစင်တဲ့ သင်္ကြန်ပွဲတော် ဖြစ်အောင် အတူလုပ်ဆောင်ကြစို့!
(မူရင်း https://www.facebook.com/share/p/1K8jGYbthm/ ကို အနီးစပ်ဆုံး ဘာသာပြန်ဆိုသည်)