ယခုနှစ် မွန်ပြည်နယ်သင်္ကြန်ပွဲတော်ကို သီဆိုကခုန်မှုနှင့် အပျော်အပါးပိုင်းဆိုင်ရာများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာ ကျင်းပသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားခဲ့သည်။
ဧပြီ ၃ ရက်က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံး၌ ကျင်းပသော ၂၀၂၅ ခုနှစ်အတွက် သင်္ကြန်ပွဲညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ဤသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ပွဲတော်၌ သံဃာတော်များအား ဆွမ်းလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်းစသော ကုသိုလ်ဖြစ်ရိုးရာဓလေ့များကို အဓိကထား ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်က ရှင်းလင်းခဲ့သည်။
ထို့အပြင် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပျော်ပွဲရွှင်ပွဲနှင့် တီးဝိုင်းများ ပါဝင်သော အစီအစဉ်များကိုလည်း ယခုနှစ်တွင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
အလားတူ နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ်ကျင်းပလေ့ရှိသော ပငသကြႅာန် တီးဝိုင်းနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
Photo-တယ်လီဂရမ်